Idol Fashion တွေစိတ်ဝင်စားကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါနော်။ Kpop Idol တစ်ယောက်ဖြစ်တဲ့ Yeh Shuhua ဟာဆိုရင် ၂၀၁၈ ခုနှစ်ကပွဲဦးထွက်ခဲ့တဲ့ G-IDLE အဖွဲ့ဝင်ရဲ့ Visual နဲ့အငယ်ဆုံး အဖွဲ့ဝင်လေးတစ်ဦးဖြစ်ပြီး ကိုးရီးယားနဲ့တရုတ်ဘာသာစကားနှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ Taiwanese သူလေးလည်းဖြစ်ပါတယ်။

အသက် ၂၁ နှစ်ပဲရှိသေးတဲ့သူမဟာဆိုရင် သက်ရှိအရုပ်လေး တစ်ရုပ်လို မိတ်ကပ်မပါဘဲနဲ့လည်း ပြီးပြည့်စုံတဲ့ နှာတံချွန်ချွန်၊ မျက်လုံးဝိုင်းဝိုင်း Visual မျိုးကိုပိုင်ဆိုင်ထားတာကြောင့် Kpop ပရိသတ်မဟုတ်တဲ့ သူတွေကပါ သူမရဲ့ထူးခြားတဲ့အလှကို အသိအမှတ်ပြု သတိထားမိခံရတဲ့သူ တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

ဒါ့အပြင် စိတ်ထဲရှိတဲ့အတိုင်း ဟန်ဆောင်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တာကြောင့် ပရိသတ်တွေက ကလေးလေးလို ချစ်ရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။ ဖက်ရှင်ပိုင်းမှာဆိုရင်လည်း Idol မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Shuhua ဟာ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား သွယ်သွယ်လေးနဲ့လိုက်ဖက်တဲ့ ပေါ့ပေါ့ပါးပါး Outfit လေးတွေကို ဝတ်လေ့ရှိပြီး သူမဝတ်တတ်တဲ့ စကတ်တို၊ ဘောင်းဘီတိုပုံစံလေးတွေက အခုခေတ်လူငယ်ကောင်မလေးတွေနဲ့လည်း လိုက်ဖက်စေမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ အတို ဝတ်ရတာကြိုက်တဲ့သူတွေအတုယူနိုင်မယ့် Shuhua ရဲ့ ချစ်စရာအတိုဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

Photo Source: Pinterest

By MyStyle Myanmar