အန္တာရာယ်တွေနဲ့ ကြုံလာတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ သိထားရင် အနာတရဖြစ်တာ တခါတလေ အသက်ဘေးကနေတောင် လွတ်မြောက်နိုင်ပါတယ်။ ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တွေကို သိထားခြင်းက တခါတလေ လူတယောက်ရဲ့ အသက်ကိုကယ်နိုင်တဲ့အထိ အသုံးဝင်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ဘယ်လိုအန္တရာယ်နဲ့ကြုံလာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

ဝက်ဝံနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲ

တကယ်လို တောထဲတောင်ထဲ သွားရတယ်ဆိုရင် ဘယ်သူမှ ဝက်ဝံနဲ့ ထိပ်တိုက်တွေ့ချင်မှာမဟုတ်ပါဘူး။ သူတို့က ရက်စက်ကြမ်းကြုတ်ပြီး လူ့အသက်ကိုသေစေနိုင်တဲ့အထိ အန္တရာယ်ပြုတတ်ကြပါတယ်။ ဒါဆိုရင် ဝက်ဝံတစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ရင် ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့ရဲ့ အားနည်းချက်ကိုသိရင် ဝက်ဝံတွေကို ကြောက်စရာမလိုပါဘူး။ တကယ်လို့ ဝက်ဝံနဲ့တွေ့ခဲ့ရင် သစ်ပင်အကြီးကြီး ဒါမှမဟုတ် ကျောက်တုံးကြီးတစ်တုံးကို ပတ်ပြေးနေလိုက်ပါ။ ဝက်ဝံတွေက အပြေးမြန်ပေမယ့် အရာဝတ္ထုတွေကိုပတ်ပြီး ပြေးတာဟာ သူတို့အတွက် အရမ်းခက်ခဲစေပါတယ်။ မကြာခင် သူမောပန်းလာပြီး လက်လျှော့သွားပါလိမ့်မယ်။

ရေဝဲ

ကမ်းခြေ ဒါမှမဟုတ် မြစ်ထဲရေးကူးနေတဲ့အချိန်မှာ ရေဝဲရဲ့စုတ်ယူခြင်းကို ခံနေရပြီလား။ ဒီလိုအချိန်မှာ ကမ်းခြေဖက်ကို ဦးတည်ပြီး ကူးခက်တာတွေမလုပ်ပါနဲ့။ အားအင်တွေအလကား ဖြုန်းတီးရာရောက်ပါတယ်။ ကမ်းခြေနဲ့ ပြိုင်မျဉ်းအတိုင်း ရေဝဲထဲကနေ ထွက်နိုင်တဲ့အထိ ကူးခက်ဖို့ကြိုးစားပါ။ ရေဝဲထဲကနေ ထွက်နိုင်ပြီဆိုမှ ကမ်းခြေဖက်ကို ဦးတည်ကူးခက်ပါ။

နှလုံးရောဂါနဲ့အကိုက်အခဲပျောက်ဆေး

တကယ်လို့ ကိုယ့်အိမ်က လူတစ်ယောက်ယောက် ရုတ်တရက် နှလုံးရောဂါထဖောက်ခဲ့ရင် သူ့ကိုခေါင်းအောက်မှာ တစ်ခုခုခံပြီး လဲလျောင်းခိုင်းထားပါ။ ဒါမှမဟုတ် ထိုင်ခိုင်းလိုက်ပါ။ ပြီးတာနဲ့ အကိုက်အခဲပျောက်ဆေး တိုက်လိုက်ပါ။ တဖြည်းဖြည်းနဲ့ ဆေးကိုဝါးစားလာနိုင်ပါလိမ့်မယ်။ အကိုက်အခဲပျောက်ဆေးက ရောဂါသည်ကို သက်သာစေပါတယ်။

အပူရှပ်ခြင်း

အပူရှပ်ခြင်းရဲ့ လက္ခဏာတွေက မအီမသာဖြစ်ခြင်းနဲ့ ပျို့အန်ချင်လာခြင်းတို့ဖြစ်ပါတယ်။ ဒါကိုသေချာချင်ရင် အချိုအရသာရှိတဲ့ အရာတစ်ခု ဥပမာ ချိုချဥ် စတာတွေကို စားပေးပါ။ အရသာက မချိုပဲနဲ့ ဆိုးရွားနေမယ်ဆိုရင် ဒါက အပူရှပ်တာသေချာသွားပါပြီ။ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေအတွက် အပူရှပ်ခြင်းကို စောနိုင်သမျှစောအောင် သိထားဖို့က အလွန်အရေးကြီးပါတယ်။

ကားမှန်ကို ဘယ်လိုခွဲမလဲ

တကယ်လို့ ကားမတောတဆဖြစ်ခဲ့ရင် တံခါးဖွင့်မရတဲ့အခြေအနေနဲ့ ကြုံလာနိုင်ပါတယ်။ ဒါဆိုရင်တော့ ကားမှန်ကို ခွဲဖို့လိုလာပါပြီ။ ကားမှန်ခွဲတဲ့အချိန်မှာ လူအများစုက မှန်ရဲ့အလယ်နေရာကို တစ်ခုခုနဲ့ ရိုက်ကြတာများပါတယ်။ မှန်ရဲ့အလယ်ကိုခွဲတာထက် မှန်ရဲ့အစွန်နေရာကို ရိုက်ခွဲတာက ပိုလွယ်ပါတယ်။ ပြီးတော့ ကားထိုင်ခုံရဲ့ ခေါင်းမှီကို ဖြုတ်ပြီးတော့ မှန်ကို ရိုက်ခွဲနိုင်ပါတယ်။ ဒါကြောင့် ခေါင်းမှီကို ဘယ်လိုဖြုတ်ရမလဲဆိုတာ သင်ထားသင့်ပါတယ်။

ရေလှိုင်းတွေက ကမ်းခြေနဲ့အဝေးကြီးရောက်သွားတာ

ရေလှိုင်းတွေက ကမ်းခြေနဲ့အဝေးကြီး ရောက်သွားပြီဆိုရင် ဒါက ဆူနာမီဖြစ်မယ့် လက္ခဏာပါ။ တကယ်လို့ ဒီလိုအခြေအနေ ကြုံခဲ့ပြီဆိုရင် ကမ်းခြေမှာရှိတဲ့လူတွေကို သတိပေးသင့်ပါတယ်။

Source: Bright Side