Life Hack ဆိုတာက ဟိုးအရင်တုန်းက IT ကျွမ်းကျင်သူတွေကြား အလုပ်ပိုလွယ်သွားစေဖို့ ပြုလုပ်တဲ့ နည်းလမ်းတွေလို့ အဓိပ္ပာယ် ရခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ Life Hack ရဲ့ အဓိပ္ပာယ်က သင့်ဘဝကို ပိုလွယ်ကူသွားစေဖို့၊ အလုပ်တွေ အမြန်ပြီးဖို့ လိမ္မာပါးနပ်တဲ့ နည်းလမ်းတွေလို့ ပိုအဓိပ္ပာယ်ရပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်သဘောကျသွားစေမယ့် သင့်ဘဝကို ပိုလွယ်ကူသွားစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ Luggage အိတ်မှာ ဖဲပြားသေးသေးလေး ခြည်ထားပါ

ခရီးသွားသူ အများစုက ကိုယ့်အိတ်က ဘယ်အိတ်လဲ ရှာရတာမှာ အလုပ်များတတ်ကြပါတယ်။ ဒီလို ထပ်မဖြစ်ရအောင် Luggage အိတ်ပေါ်မှာ အရောင်တောက်တဲ့ ဖဲပြားသေးသေးလေး ခြည်ထားတဲ့အခါ သင်အချိန်ပေးပြီး ရှာစရာမလိုတော့ပါဘူး။

၂။ Keyboard ကို သန့်ရှင်းတဲ့အခါ

Computer Keyboard ကြားထဲက ဖုန်တွေကို ဖယ်ဖို့ သီးသန့် Brush မရှိလည်း သွားတိုက်တံ တစ်ချောင်းရှိရုံနဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သွားတိုက်တံ အမျှင်လေးတွေက နူးညံ့ဖို့တော့ လိုပါမယ်။

၃။ ဖိနပ်နံ့ပျောက်ဖို့

ဖိနပ်အနံ့ ထွက်တတ်သူတွေအတွက် အနံ့ပျောက်ဆေးတွေ တကူးတက ဝယ်စရာမလိုပါဘူး။ လက်ဖက်အိတ်ရှီရုံနဲ့ သင့်ဖိနပ်တွေထဲ တစ်ညထည့်ထားကာ အနံ့ပျောက်အောင် ပြုလုပ်နိုင်ပါတယ်။

၄။ အရည်ထွက်ကျတာမျိုး မဖြစ်အောင်

ဟင်းချက်လို့ ဆူတဲ့အခါ အရည်တွေ အိုးထဲကနေ လျှံကျတာမျိုး မဖြစ်ရအောင် အိုးပေါ်မှာ သစ်သားဇွန်းကို တင်ထားနိုင်ပါတယ်။ ဒီလိုတင်ထားတဲ့အခါ အရည်ပွတ်ပြီး လျှံကျတာမျိုး မဖြစ်နိုင်တော့ပါဘူး။

၅။ ကယ်လိုရီလျော့ဖို့ ပေါက်ပေါက်စားပါ

ပေါက်ပေါက်ဆုပ်က တကယ်တော့ သရေစာ ပေမယ့် ကယ်လိုရီပါဝင်မှု ၃၂ ကယ်လိုရီပဲ ရှိပါတယ်။ ပေါက်ပေါက်ဆုပ်က Whole Grain Food ဖြစ်ကာ Gluten မပါဝင်တဲ့ အစားအစာပါ။ အချိုထည့်ထားတဲ့ ပေါက်ပေါက်ကိုတော့ မစားသင့်ပါဘူး။ ကိုယ့်ဘာကိုယ် လုပ်ထားတဲ့ ပေါက်ပေါက်ဆုပ်က အကောင်းဆုံးပါ။

၆။ ဆီပူစင်တာ ကင်းဝေးဖို့

သင့်ဆီမှာ လက်အိတ်အရံသင့်မရှိရင် ရေဘူးကို အပေါက်ဖောက်ကာ ဆီကာ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ သင်က ဆီပူကြောက်ရင်တော့ ဒီနည်းလမ်းက စမ်းကြည့်သင့်တဲ့အထဲ ပါဝင်ပါတယ်။

၇။ အာလူးကြော်စားတဲ့အခါ

သင်က စတိုင်ကျကျ အာလူးကြော်စားချင်တယ်ဆိုရင် တူနဲ့ စမ်းစားကြည့်သင့်ပါတယ်။ ဒါ့အပြင် လက်မပေချင်တဲ့သူတွေအတွက်လည်း တူက အဆင်ပြေမှာပါ။

၈။ ပစ္စည်းသေးသေးလေး ယူတာ

ယူရခက်တဲ့ ပစ္စည်းသေးသေးလေးတွေ ကြားညပ်နေတဲ့အခါ သင်လုပ်နိုင်မယ့် နည်းလမ်းကတော့ ဖုန်စုပ်စက်ကို အဝတ်ပိတ်စနဲ့ ပိတ်ပြီး ပြုတ်ကျသွားတဲ့ ပစ္စည်းကို ကပ်ပါလာအောင် ယူတာပါ။

Source: Brightside