ဟိုးအရင်အချိန်တွေကတည်းက ဒါဆိုရင်ဒါလုပ်ရမယ်၊ သူများတွေက ဘယ်လိုမျိုးလုပ်ထားတာ ဆိုပြီး ကိုယ်သိထားမြင်ထားတဲ့နည်းလမ်းအတိုင်းပဲ လိုက်လုပ်တတ်တဲ့အကျင့်က လူအများစုမှာစွဲကျန်နေပါတယ်။

အချိန်တိုင်း အရာရာတိုင်းမှာ သင်ယူစရာတွေက အမြဲတမ်းပြည့်နေတာပဲမို့ ဒါလေးများ ငါသိပြီးသားပါဆိုပြီးတော့ မလေ့လာမသင်ယူတာမျိုးမလုပ်ဘဲနဲ့ ကိုယ့်အတွက်အသုံးဝင်မယ့်အရာမျိုးဆို သိထားလိုက်တာက ဘယ်တော့မှအကျိုးမယုတ်စေပါဘူး။

ဒါကြောင့် ဒီနေ့မှာတော့ ကိုယ့်အတွက်လည်းအသုံးဝင်စေပြီး အမှားကိုအမှန်ပြင်နိုင်အောင်လို့ သိထားသင့်တဲ့အချက်တချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အိတ်ထဲ နေရာကျယ်အောင် အဝတ်အစားတွေကို လိပ်ပြီးထည့်ပါ။

အဝတ်အစားတွေသိမ်းတဲ့အခါမှာ အပြန့်လိုက်မထည့်ဘဲနဲ့ အလိပ်လေးတွေလိပ်ပြီးထည့်တာက ပစ္စည်းထည့်ဖို့နေရာပိုကျယ်စေတဲ့အပြင် အဝတ်အစားတွေတွန့်ကြေတာမျိုးလည်းမရှိတော့ဘဲ သပ်သပ်ရပ်ရပ်ဖြစ်စေမှာပါ။ တီရှပ်တွေ၊ ဘောင်းဘီတွေ၊ အိမ်နေရင်းအဝတ်အစားတွေ၊ ရေကူးဝတ်စုံ၊ ညအိပ်ဝတ်စုံတို့အတွက် ဒီနည်းလမ်းကို အသုံးပြုနိုင်ပေမယ့်လည်း ဆွယ်တာတွေလိုမျိုး ဆိုဒ်ကြီးအဝတ်အစားတွေမှာတော့ မသုံးသင့်ပါဘူး။

အိပ်တဲ့အခါ ဝဲလျားမှောက်မအိပ်မိဖို့ အတတ်နိုင်ဆုံးရှောင်ပါ။

ဝဲလျားမှောက်ပြီးအိပ်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တချို့သောရှာတွေ့ချက်များအရ အခုလိုအိပ်ခြင်းအားဖြင့် အလေးချိန်အကုန်လုံးက ခန္ဓာကိုယ်အလည်ပိုင်းကို အများစုဖိထားသလိုဖြစ်သွားတာကြောင့် နောက်ကျောနဲ့ကျောရိုးကို ညောင်းညာမှုဖြစ်စေပါတယ်။ ဒါ့အပြင် ရေရှည်မှာ ဇက်ကြောကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။

Moisturizer ကို ပွတ်မလိမ်းဘဲ ပုတ်ပြီးလိမ်းပါ

Skincare တွေကိုအသုံးပြုတဲ့အချိန်မှာ အသားအရေပေါ် ညှင်ညှင်သာသာ ပုတ်ပြီးလိမ်းပေးရမယ်ဆိုတာကလည်း အသားအရေထိန်းသိမ်းခြင်းဆိုင်ရာနည်းလမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီလိုမျိုးပုတ်ပြီးလိမ်းပေးခြင်းဖြင့် အသားအရေက Skincare ကို ပိုမိုစုပ်ယူနိုင်ပြီး သွေးလည်ပတ်အားကိုလည်း ကောင်းစေပါတယ်။ ပိုကောင်းတဲ့ရလဒ်ရရှိချင်တယ်ဆိုရင်တော့ မျက်နှာပေါ်မတင်ခင် Skincare ကိုလက်ထဲအရင်ထည့်ကာ ပွတ်ပြီးတော့မှ မျက်နှာမှာပုတ်ပြီးလိမ်းပေးပါ။

လမ်းလျှောက်တဲ့အခါ ခြေဖနောင့်နဲ့ချပြီး ခြေချောင်းနဲ့ပြန်ကျပါ။

ကိုယ်လမ်းလျှောက်တဲ့ပုံစံက ကိုယ့်အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေဖြစ်နိုင်မလဲဆိုပြီး တော်ရုံတန်ရုံ တွေးဖူးကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတို့ရဲ့ပြောကြားချက်တွေအရ မှန်ကန်တဲ့လမ်းလျှောက်မှုပုံစံဟာ ခြေဖနောင့်နဲ့ချပြီး ပြန်ကြွကာ ခြေချောင်းတွေနဲ့ပြန်ကျပေးပါ။ ဖနောင့်မှခြေချောင်းကိုပြန်ကျတဲ့ပုံစံမျိုးနဲ့ လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်အားယူတာကိုသက်သာစေလို့ ခြေချင်းဝတ်တွေအပေါ်မှာလည်း ဖိအားလျော့စေမှာဖြစ်ပါတယ်။

Source: BrightSide

By MyStyle Myanmar