ကိုရီးယားနိုင်ငံသူ LYNN CHOI ကာတွန်းဆရာမက သူမရဲ့ကာတွန်းလက်ရာတွေနဲ့ ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားလိုက်ပြန်ပါပြီ။ သူမဟာ အချစ်စစ်တွေအကြောင်း ကာတွန်းပုံတွေ ရေးဆွဲလေ့ရှိတာကြောင့် ကျော်ကြားတဲ့သူပါ။ သူမဟာ အရမ်းချစ်ကြတဲ့ စုံတွဲတွေ လုပ်လေ့ရှိတဲ့ အလေ့အထတွေကို သေချာလေ့လာပြီး ချစ်စရာကာတွန်းပုံလေးတွေ ရေးဆွဲလေ့ရှိပါတယ်။

အခု တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့စုံတွဲတွေ ဘယ်လိုနေထိုင်လေ့ရှိကြလဲဆိုတာ ကြည့်လိုက်ရအောင်။

မနက်တူတူအိပ်ရာထကြပြီး ချက်ပြုတ်ကြတယ်

တစ်ယောက်ကိုတစ်ယောက် မုန့်ခွံ့ကျွေးတဲ့ စုံတွဲတွေက နောက်ဆုံးထိ အတူတကွ လက်တွဲသွားကြတယ်တဲ့

သူတို့တွေဟာ များသောအားဖြင့် ဝါသနာ တူကြတယ်

အားလပ်ချိန်ကို အခုလို ကြည်ကြည်နူးနူး ဖြတ်သန်းကြတယ်

အစားအသောက်အတွက်ဆိုရင် နှစ်ခါမညှိရဘူး

ဒီလိုလေးလည်း ရိုဆန်ကြတယ်

တစ်ယောက်ကိုတစ်ယောက်ကြည့်လိုမဝနိုင်ကြဘူး

ပျော်ရွှင်မှုကို အတူတကွ မျှဝေကြတယ်

သူတို့တွေရဲ့အချစ်က နွေးထွေးတယ်

တစ်ခါတစ်လေ ကလေးဆန်သွားတတ်ကြတယ်

သူတို့ရဲ့အချစ်က သန့်ရှင်းစင်ကြယ်ကြတယ်

နှစ်ယောက်လုံးက ရိုဆန်ကြတယ်

တစ်ယောက်အပေါ်တစ်ယောက် ကြင်နာတယ်

တစ်ယောက် လိုအပ်နေရင် တစ်ယောက်က အသင့်ရှိနေပေးတယ်

Source: Bright Side