သင်က သင့်ဘဝကို အပြောင်းအလဲ တစ်ခု ဖြစ်စေချင်ရင် အချိန်တိုင်း ကြိုးစားနေမှ သင့်ကိုယ်သင် အမြဲ ဆန်းစစ်နေမှ အဆင်ပြေမှာပါ။ လူအများစုက တခြားလူတွေကို ဝေဖန်ဖို့ အချိန်ပေးနိုင်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့တော့ မေ့လျော့နေတတ်ကြပါတယ်။ အခုဖော်ပြထားတဲ့ List တွေအတိုင်း ပုံမှန် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မယ်၊ စစ်ဆေးမယ်ဆိုရင်တော့ သင်က အဘက်ဘက်မှာ ထူးချွန် အောင်မြင်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ ဘယ် List တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ သင်ဖတ်နေတဲ့ စာအုပ်စာရင်း

တချို့တွေဆိုရင် ဖတ်နေတဲ့ စာအုပ်၊ ဖတ်မယ့် စာအုပ်၊ ဖတ်ခဲ့တဲ့ စာအုပ် စသဖြင့် စာရင်းတွေ လုပ်တတ်ကြပါတယ်။ သင့်အနေနဲ့ သင်ဖတ်တဲ့ စာအုပ်တွေကို စာရင်းလုပ်ထားမယ်ဆိုရင် စာအမြဲဖတ်ဖို့ အားသန်စေပါလိမ့်မယ်။

၂။ အလေ့အကျင့် Habit Tracker

သင့်ရဲ့ ကောင်းတဲ့ အကျင့်ကော၊ ဆိုးတဲ့ အကျင့်ကိုပါ Track လုပ်နိုင်ပါတယ်။ ဘယ်နေ့မှာ ဘယ်လို အလေ့အကျင့်ကောင်း လုပ်ခဲ့လဲ၊ ဘယ်နေ့မှာ ဘယ်အလေ့အကျင့်ဆိုးကို လုပ်မိသွားလဲ စသဖြင့် Habit Tracker တစ်ခု ထားသင့်ပါတယ်။

၃။ သင့်ဘဝမှာ တိုးတက်အောင် လုပ်ရမယ့် အရာ List

ဘယ်နေရာမှာ တိုးတက်ချင်လဲ ဆိုတာကို List လုပ်သင့်ပါတယ်။ ဥပမာ- တရုတ်ဘာသာစကားကို တိုးတက်ချင်တာလား၊ အချက်အပြုတ်ကို တိုးတက်ချင်တာလား စသဖြင့် ကိုယ်တိုးတက်ချင်တဲ့ အရာတွေကို List လုပ်ထားနိုင်ပါတယ်။

၄။ ချက်မယ့် ဟင်းစာရင်း

ဘယ်နေ့မှာ ဘယ်လိုလေး ချက်မယ်ဆိုပြီး တွေးထားတာက သင့်ကို လန်းဆန်းတက်ကြွကာ ပျော်ရွှင်စေပါလိမ့်မယ်။

၅။ Workout Schedule

ဘယ်နေ့မှာ ဘယ် လေ့ကျင့်ခန်း လုပ်မယ်။ နားမယ် စသဖြင့် အချိန်ဇယား ဆွဲထားသင့်ပါတယ်။ ဒီလိုဆိုရင် သင် အားကစားပိုလုပ်ဖြစ်ပါလိမ့်မယ်။

၆။ အပတ်စဉ်၊ လစဉ် Budget

ကိုယ်သုံးတဲ့ အသုံးစာရင်းနဲ့ အတူ သုံးမယ့် Budget ကို List လုပ်ထားတာက သင့်ငွေသုံးစွဲမှုကို စည်းကမ်းရှိစေပါတယ်။

၇။ သင့်မှာ ရှိတဲ့ အပင်စာရင်း

ကိုယ့်ကိုယ်ကိုယ် အာရုံပိုစိုက်ချင်သူတွေအနေနဲ့ အိမ်မှာ အပင်စိုက်ထားရင် ဘယ်အပင်လေးတွေ ရှိလဲ စာရင်းပြုစုထားနိုင်ပါတယ်။

၈။ ကိုယ်အကြိုက်ဆုံး ပစ္စည်းစာရင်း

ဘယ်လို ပစ္စည်းလေးတွေ ကြိုက်တတ်လဲ စာရင်းပြုစုထားတာက တစ်ချိန်ချိန် ကိုယ့်ကိုယ်ကိုယ် Reward ပေးတဲ့အခါ အသုံးဝင်လာပါလိမ့်မယ်။

၉။ သင့်ကို ပျော်ရွှင်စေတဲ့ အရာ စာရင်း

သင်က ဘာတွေ လုပ်ရတာကြိုက်လဲဆိုတဲ့ စာရင်းတစ်ခု ရှိထားသင့်ပါတယ်။

၁၀။ သင်အကြိုက်ဆုံး ရုပ်ရှင်ကား စာရင်း

ဇာတ်လမ်းကြည့်ရတာ ကြိုက်တဲ့သူတွေအနေနဲ့ ကိုယ် နှစ်သက်တဲ့ ဇာတ်လမ်းစာရင်းတစ်ခု ရှိထားတာ မမှားပါဘူး။

Photo Source: Pinterest

By MyStyle Myanmar