ခြေထောက်စိမ်တာက ဆောင်းရာသီမှာဖြစ်တတ်တဲ့ ဖြေဖဝါးတွေ ခြောက်ပြီးကြမ်းတာ ၊ အက်ကွဲနေတာ ၊ နာနေတာမျိုးတွေကို သက်သာစေပါတယ်။ ဒါကြောင့် ခြေထောက်စိမ်ရတာကိုသဘောကျတဲ့ပျိုမေတွေအတွက် ခြေထောက်နာတာ ခြေဖနောင့်ကွဲတာတို့ကို သက်သာစေဖို့ Listerine ကို သုံးပြီး ခြေထောက်စိမ်လို့ရတဲ့ အကျိုးကျေးဇူးလေးကို ဝေမျှပေးချင်ပါတယ်။

ဒါကတော့ အိမ်မှာ Listerine နဲ့ခြေထောက်စိ်မ်မယ်ဆိုရင် သိထားရမယ့်အချက်တွေပါ။

၁. Original Listerine ၁ ခွက် ၊ ရှာလကာရည် ၁ ခွက် နဲ့ ရေနွေးနွေး ၂ ခွက်တို့ကို ခြေထောက်နှစ်ဖက်စလုံး စိမ်လို့ရမယ့် ကျယ်ပြီးတိမ်တဲ့ ဇလုံတစ်ခုထဲမှာ ရောလိုက်ပါ။

 

၂. Listerine ရောထားတဲ့ဇလုံထဲ ခြေထောက်ကို 10-15 မိနစ်လောက်စိမ်ထားပြီး အနားယူလိုက်ပါ။ ခြေဖဝါးမှို ၊ ခြေသည်းမှိုစွဲတာမျိုး ခံစားနေရရင်တော့ အချိန်ပိုပေးပြီး ၄၅ မိနစ်ကနေ တစ်နာရီအထိ စိမ်ပေးပါ။

၃. ခြေထောက်စိမ်ထားတဲ့အချိန်မှာ ဖနောင့်မှာရှိတဲ့ဆဲလ်အသေတွေ ကြမ်းပြီး ခြောက်သွေ့နေတဲ့ အရေပြားတွေကို ဖယ်ဖို့ Pumice ကျောက်နဲ့ တိုက်ပေးပါ။

၄.အားလုံးပြီးသွားရင်တော့ နောက်ဆုံးမှာ သန့်တဲ့အဝတ်နဲ့ခြောက်အောင် သေချာသုတ်ပြီး Moisturisers လိမ်းပေးပါ။

၅. တစ်ကြိမ်စိမ်လိုက်ရုံနဲ့ ခြောက်နေတဲ့အရေပြားတွေကို သိသိသာသာဖယ်ရှားနိုင်ပေမယ့် ခြေဖနောင့်တွေက ခြောက်နေတယ်လို့ ခံစားနေရသေးရင်တော့ နောက်တစ်ခေါက်ထပ်စိမ်ပေးပါ။