မိန်းကလေးတွေအနေနဲ့ နှုတ်ခမ်းနီဆိုးတော့မယ်ဆိုရင် ဒီတိုင်း ပုံမှန်ဆိုးနေကျတိုင်းမဆိုးပဲ သေချာလေးဆိုးပေးဖို့ လိုပါတယ်။ ဒီလိုသေချာလေး ဆိုးပေးမှ လှပသေသပ်တဲ့ နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်စေမှာပါ။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတော့မယ်ဆိုရင် လှပသေသပ်နေစေဖို့ သိထားရမယ့်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

နှုတ်ခမ်းနီမဆိုးခင်မှာအရင်ဆုံး Vaseline ကိုအသုံးပြုပြီး နှုတ်ခမ်းမှာပွတ်လိမ်းပေးရပါမယ်။ ပြီးတာနဲ့ သွားပွတ်တံနဲ့ပွတ်တိုက်ပြီး နှုတ်ခမ်းကိုတစ်ရှူးနဲ့သုတ်လိုက်ပါ။ ဒီလိုလုပ်ပေးမှ နှုတ်ခမ်းသားကချောမွတ်ပြီးလှပနေမှာပါ။ ဒီတော့ နှုတ်ခမ်းနီဆိုးရင်တော့ အဖတ်တွေအလန်တော့ဘူးပေါ့။

Source: www.rodalesorganiclife.com

နှုတ်ခမ်းနီဆိုးတဲ့အခါမှာတော်တော်များများကဒီတိုင်းပဲဆိုးတော့ နှုတ်ခမ်းဘေးတွေမှာပေကုန်တာတွေ၊ မညီမညာတွေဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နှုတ်ခမ်းနီမဆိုးခင်မှာ Liner နဲ့ကိုယ်လိုချင်တဲ့ နှုတ်ခမ်းပုံအတိုင်းရအောင် ပုံဖော်ပေးပါ။ ပြီးမှသာနှုတ်ခမ်းနီဆိုးမယ်ဆိုရင်တော့ သပ်သပ်ရပ်ရပ်လေးနဲ့လှပနေမှာပါ။

Source: www.jolse.com

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ကြည့်ရအဆိုးဆုံးကတော့ နှုတ်ခမ်းအတွင်းသားတွေမှာ နှုတ်ခမ်းနီမရှိတာပါပဲ။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါမှာ နှုတ်ခမ်းအတွင်းသားထိပါ နှုတ်ခမ်းနီဆိုးပေးဖို့ လိုပါတယ်။

Source: www.samacharnama.com

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ပိုပြီးလှပချင်ရင်တော့ ဆိုးပြီးတာနဲ့ လက်ချောင်းလေးတွေနဲ့လိုက်ပွတ်ပြီးပုတ်ပေးပါ။ ဒီလိုလေးလုပ်ပေးခြင်းကဆိုးထားတဲ့နှုတ်ခမ်းနီကို နှုတ်ခမ်းသားလေးမှာသိပ်သိပ်လေးဖြစ်နေလို့ ကြည့်ရတာပိုလှပါတယ်။

Source: www.youtube.com

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီဆိုးပြီးရင် Long Lasting ဖြစ်တဲ့နှုတ်ခမ်းနီတွေဆို ဖျက်ရခက်ပါတယ်။ ဒီလိုဖျက်ရခက်နေတဲ့အခါမျိုးမှာတော့ Vaseline ကိုသုံးပြီးဖျက်ပေးပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ ဖျက်ရလွယ်ပြီး လွယ်လွယ်ကူကူနဲ့ နှုတ်ခမ်းနီတွေ ပြောင်သွားတာကိုတွေ့ရမှာပါ။

Source: www.youtube.com

ဒီအချက်လေးတွေအတိုင်းလိုက်လုပ်ပြီး လှပတဲ့နှုတ်ခမ်းလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။