နှုတ်ခမ်းနီဆိုတာ အမျိုးသမီးတွေအတွက် မရှိမဖြစ် အလှပြင်ပစ္စည်းတစ်မျိုးပါပဲနော်။

နှုတ်ခမ်းနီနေ့တိုင်းဆိုးတတ်ကြပေမယ့် နှုတ်ခမ်းကိုရော နေ့တိုင်းဂရုစိုက်မိကြရဲ့လား။ နှုတ်ခမ်းနီဆိုးတာနဲ့ပတ်သတ်လို့ ပျိုမေတို့ အမြဲတမ်း လုပ်မိနေတဲ့အမှားတွေကို မျှဝေပေးချင်ပါတယ်။

၁။ နှုတ်ခမ်းသားအခြောက်ပေါ်မှာ နှုတ်ခမ်းနီလိမ်းခြင်း။

နှုတ်ခမ်းသားခြောက်နေတဲ့ပေါ်မှာ နှုတ်ခမ်းအဆီမလိမ်းဘဲ နှုတ်ခမ်းနီတောင့်ကြီးလိမ်းလိုက်တာဟာ သင့်ကို ရုပ်ဆိုးစေပါတယ်။ နှုတ်ခမ်းကွဲတာမျိုးမဖြစ်ဖို့ ရေများများသောက်သင့်သလို veseline တို့လို နှုတ်ခမ်းအဆီမျိုးလိမ်းပေးသင့်ပါတယ်။

၂။ နှုတ်ခမ်းကို သန့်ရှင်းရေးမလုပ်ခြင်း။

နှုတ်ခမ်းနီနေ့တိုင်းဆိုးပေမယ့် နှုတ်ခမ်းကို သန့်ရှင်းရေးလုပ်ဖို့မေ့နေတတ်ပါတယ်။ နှုတ်ခမ်းနီမစိုးခင် နှုတ်ခမ်းကို သံပုရာသီးနဲ့ပွတ်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးသင့်ပါတယ်။ ပြီးရင်နှုတ်ခမ်းကို ရေဆေး ခြောက်အောင်သုတ်ပြီးမှ နှုတ်ခမ်းနီဆိုးပေးသင့်ပါတယ်။

၃။ Lip Liner မသုံးခြင်းနဲ့ Lip Liner အလွန်အကျွံသုံးခြင်း

နှုတ်ခမ်းကိုပုံဖော်တဲ့နေရာမှာ Lip Liner မသုံးတာမကောင်းသလို Liner ခဏခဏ အလွန်အကျွံသုံးရင်လည်း မလှပါဘူး။ Lip Liner ကို အရမ်းအရောင်ရင့်ရင့်ဆိုးပေးတာကလည်း သင့်နှုတ်ခမ်းသားကို ပိုပြီးပျက်စီးစေသလို လှလည်းမလှစေပါဘူး။

၄။ နှုတ်ခမ်းပုံးမှားဖော်ခြင်း

ကိုယ့်နှုတ်ခမ်းပုံမျိုးမဟုတ်ဘဲ နှုတ်ခမ်းကို ခပ်ထူထူဖော်ပြီးဆိုးတာ နှုတ်ခမ်းကို ခပ်သေးသေးဖော်ပြီးဆိုးတာလည်း နေ့လည်နေ့ခင်း အစာစားပြီးလို့ နှုတ်ခမ်းနီပျက်သွားရင် ကြည့်ရရုပ်ဆိုးစေပါတယ်။

၅။ နှုတ်ခမ်းနီ များများထည့်ဆိုးခြင်း။

နှုတ်ခမ်းနီကို များများတင်ပြီးဆိုးပေးတာဟာလည်း နှုတ်ခမ်းသားကိုခြောက်သွေ့စေသလို ကြည့်ရတာလည်း ရုပ်ဆိုးစေပါတယ်။

၆။ နှုတ်ခမ်းနီအရောင်

နှုတ်ခမ်းနီအရောင်ရွေးချယ်မှုကလည်း သိပ်ကိုအရေးကြီးပါတယ်။ ကိုယ်နဲ့လိုက်ဖက်မှုမရှိဘဲ ခေတ်စားနေတဲ့ နှုတ်ခမ်းနီအရောင်ကို မဆိုးပါနဲ့။ ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့အရောင်တွေကိုသာ ရွေးချယ်ဆိုးပေးပါ။