မိန်းကလေးတိုင်းကတော့ နှုတ်ခမ်းနီဆိုးကြမှာပါပဲ။ အခုနောက်ပိုင်းမှာတော့ Matte Lipstick တွေက အရမ်းခေတ်စားလာပါတယ်။ သူကဆိုးလိုက်တာနဲ့ ခြောက်သွားတော့ နှုတ်ခမ်းသားခြောက်သွေ့တာတွေ အဖတ်လှန်တာတွေဖြစ်တတ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီဆိုးတဲ့အခါ မှာလည်း လှပသေသပ်အောင်ဆိုးတတ်ဖို့က လိုပါသေးတယ်။

ဒါကြောင့် ပျိုမေတို့နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ပြုလုပ်မိနေတဲ့အမှားလေးတွေကို ပြင်ဆင်နိုင်မယ့်နည်းလမ်း (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Matte Lipstick တွေဆိုးပြီးတဲ့အခါမှာ နှုတ်ခမ်းသားက ခြောက်သွေ့ပြီး အဖတ်တွေလှန်တတ်ပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်းမှာ Vaseline ကို နှုတ်ခမ်းမှာ အရင်တို့လိုက်ပါ။ ပြီးရင်တော့ သွားပွတ်တံနဲ့ပွတ်တိုက်ပေးပြီး တစ်ရှူးဖတ်လေးနဲ့ ပွတ်လိုက်ရုံပါပဲ။

Matte Lipstick တွေဆိုးတဲ့အခါမှာပဲဖြစ်ဖြစ်၊ Lip Gloss တွေဆိုးတဲ့အခါမှာပဲဖြစ်ဖြစ် နှုတ်ခမ်းဘေးတွေမှာ ပေသွားတာမျိုးတွေနဲ့ နှုတ်ခမ်းနီဆိုးတာ မညီတာတွေက ဖြစ်တတ်ပါတယ်။ ဒါကြောင့် Lip Liner လေးနဲ့ နှုတ်ခမ်းကို အရင်ပုံဖော်ပေးပါ။ ပြီးမှ ကိုယ်ဆိုးချင်တဲ့နှုတ်ခမ်းနီလေးနဲ့ လိုက်ဆိုးမယ် ဆိုရင်တော့ သပ်သပ်ရပ်ရပ်လေးနဲ့ လှနေမှာပါ။

နှုတ်ခမ်းနီဆိုးရင် တချို့တွေက အပေါ်ယံလောက်ပဲဆိုးကြတာပါ။ ဒီလိုအပေါ်ယံလောက်ပဲ ပြီးစလွယ်ဆိုးမယ်ဆိုရင်တော့ နှုတ်ခမ်းအတွင်းသားတွေမှာ နှုတ်ခမ်းနီမရှိဖြစ်နေပါလိမ့်မယ်။ ဒီလိုဆိုရင် အရမ်းရုပ်ဆိုးပါတယ်။ ဒါကြောင့် ဘယ်နှုတ်ခမ်းနီကိုပဲဆိုးဆိုး နှုတ်ခမ်းအတွင်းသားကိုလည်း ဆိုးပေးဖို့လိုပါတယ်။

နှုတ်ခမ်းနီကိုနှစ်ထပ်၊ သုံးထပ်လောက်ဆိုးထားရင် နှုတ်ခမ်းသားမှာ နှုတ်ခမ်းနီတွေက ထူထူကြီးနဲ့ ကပ်ကပ်ကြီးဖြစ်နေတော့  ကြည့်လို့လည်း မလှပါဘူး။ နှုတ်ခမ်းနီဆိုးထားရင် နှုတ်ခမ်းသားလေးက ချောမွေ့နေမှလှတာပါ။ ဒါကြောင့် နှုတ်ခမ်းနီဆိုးပြီးတာနဲ့ လက်ညှိုးလေးနဲ့ လိုက်ဖိပြီးပွတ်ပေးပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းလေးက ချောမွေ့ပြီးလှနေမှာပါ။

Matte Lipstick တွေနဲ့ Long Lasting ဖြစ်တဲ့နှုတ်ခမ်းနီတွေကိုဆိုးပြီးရင် ဒီတိုင်းမဖျက်ပါနဲ့။ တစ်ခုခုနဲ့ပွတ်ပြီးဖျက်မယ်ဆိုရင်တော့ နှုတ်ခမ်းသားလည်းနာပါတယ်။ ဒါကြောင့် Vaseline ကို နှုတ်ခမ်းမှာ အရင်ဆိုးပေးပါ။ ပြီးမှသာ တစ်ရှူးနဲ့ပဲဖြစ်ဖြစ် ဖျက်ပေးလို့ရပါတယ်။

Photo Source: GlamBy Penela