သင့်ရဲ့အပြုံးကို မြှင့်တင်ပေးပြီး သင့်ရဲ့တစ်နေ့တာကို ယုံကြည်မှုအပြည့်နဲ့ ကုန်ဆုံးစေဖို့က နှုတ်ခမ်းနီက မရှိမဖြစ်ပါပဲ။ ဒါပေမယ့် နှုတ်ခမ်းနီကို ဆိုးတဲ့အခါ သတိမထားမိဘဲ အမှားလေးတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါ ရှောင်ရမယ့် အဓိကအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Scrub မလုပ်တာ

နှုတ်ခမ်းသားက ကွဲအက်နေမယ် ၊ မညီမညာဖြစ်နေမယ်ဆိုရင် လှတဲ့နှုတ်ခမ်းတစ်စုံ ဖြစ်လာမှာမဟုတ်ပါဘူး ။ ဒါကြောင့် နှုတ်ခမ်းသား နူးညံ့ပြီး ညီညာဖို့ Homemade Sugar Scrubs or Lip Scrubs သုံးပေးပါ။

ရေဓာတ်မပြည့်တာ

ဆိုးထားတဲ့ နှုတ်ခမ်းနီဖျက်ပြီးရင် နှုတ်ခမ်းကို အစိုဓာတ်ပြန်ဖြည့်ဖို့ လိုပါတယ်။ ဒါမှ နှုတ်ခမ်းသားတွေ ခြောက်ပြီးမကွဲမှာပါ။ ဒီလိုမဖြစ်အောင် နှုတ်ခမ်းနီမဆိုးခင် Lip Balm လိမ်းပါ။

Lip Liner မသုံးတာ

နှုတ်ခမ်းနီကို ဒီအတိုင်းဆိုးတာထက် Lip Liner သုံးပြီးမှ ဆိုးတာက တိကျပြီးလှပတဲ့ နှုတ်ခမ်းပုံစံကို ရစေပါတယ်။

Overlining များတာ

နှုတ်ခမ်းနီဆိုးတဲ့အခါ Overlining က နှုတ်ခမ်းသားကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်စေတာမှန်ပေမယ့် အရမ်းများသွားရင်တော့ သင့်ပုံစံက ထူးထူးဆန်းဆန်းပုံစံဖြစ်နေမှာ သေချာပါတယ်။

အများကြီးဆိုးတာ

နှုတ်ခမ်းနီဆိုးတဲ့အချိန် အလွှာအရမ်းထူအောင် မဆိုးပါနဲ့ ။ အထူးသဖြင့် Liquid lipstick ဆိုးတဲ့အခါ စုတ်တံမှာပိုနေတဲ့နှုတ်ခမ်းနီတွေကို ပုလင်းအဝမှာသုတ်ပြီးမှ ဆိုးပါ။ နောက်ဆုံးမှ ဘေးနား အစွန်းတွေကို ညှိပြီး အပြီးသတ်လိုက်ပါ။

အဆုံးမသတ်တာ

နှုတ်ခမ်းနီဆိုးပြီးတာနဲ့ မပြီးသေးပါဘူး။ နှုတ်ခမ်းနီကို တစ်ရှူးနဲ့ဖိပေးတာက နှုတ်ခမ်းနီကြာရှည်ခံဖို့ ကူညီပေးပါတယ်။ နောက်တစ်ခုက သွားမှာပေနေတဲ့နှုတ်ခမ်းနီကို သုတ်ဖို့ မမေ့ပါနဲ့။