သင်က မိတ်ကပ်လိမ်းပြီးလို့ နှုတ်ခမ်းနီဆိုးတဲ့အချိန် တစ်ခါတလေ နှုတ်ခမ်းဖတ်တွေ ကွာလာတာ ဖြစ်ဖူးမှာပါ။ ဒါက မိတ်ကပ်ကြောင့် ဖြစ်နိုင်သလို၊ နှုတ်ခမ်းနီအမျိုးအစား၊ သင့် နှုတ်ခမ်း ကျန်းမာရေးစတဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်သူမဆို နှုတ်ခမ်းနီဆိုးပြီးရင်တော့ ခြောက်သွေ့ကာ အဖတ်တွေ ထွက်မနေဘဲ နှုတ်ခမ်းချောချောလေးနဲ့ နူးနူးညံ့ညံ့လေးပဲ လိုချင်မှာပါ။ သင်က နူးညံ့တဲ့ နှုတ်ခမ်းဖူးဖူးလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီ Lip Care Routine ကို ပုံမှန် လုပ်ပေးသင့်ပါတယ်။

အဆင့် ၁- ရေနွေး

ပထမအဆင့်အနေနဲ့ ရေနွေးနွေးလေးထဲ Cotton Pad ထည့်စိမ်ပေးရပါမယ်။ ပြီးရင်တော့ ဒီ Cotton Pad ကို သင့်နှုတ်ခမ်းပေါ် တင်ပေးရပါမယ်။ ကပ်ထားပြီးနောက် ၅ စက္ကန့် ထားရပါမယ်။ ပြီးနောက် ဒီ Cotton Pad ကို ရေနွေးထည့်ထားတဲ့ခွက်ထဲ ပြန်ထည့်နိုင်ပါတယ်။

အဆင့် ၂- Lip Scrub

နောက်တဆင့်အနေနဲ့တော့ နှုတ်ခမ်းကို Scrub တိုက်ပေးရပါမယ်။ ဒီလို တိုက်တဲ့အခါ ပုံမှန် Lip Scrub ကို သုံးနိုင်သလို သင့်ဆီမှာ Lip Scrub မရှိဘူးဆိုရင် သကြားကို သုံးနိုင်ပါတယ်။ သကြားကို သုံးပြီးနောက် သင့်နှုတ်ခမ်းပေါ် ပွတ်ပေးရပါမယ်။ ဒီလိုပွတ်တဲ့အခါ စက်ဝိုင်းပုံစံ Direction နဲ့ ပွတ်ပေးရပါမယ်။ ၁ မိနစ်ကြာ ပွတ်ပေးရပါမယ်။

အဆင့် ၃- Scrub ကို ဖယ်ပါ

ရေနွေးထဲ စိမ်ထားတဲ့ Cotton Pad ကို ပြန်ယူပြီး နှုတ်ခမ်းပေါ်က Scrub (သကြား) တွေကို ဖယ်ပေးရပါမယ်။

အဆင့် ၄- Vaseline သုံးပါ

နှုတ်ခမ်းပေါ်က Scrub တွေ စင်သွားပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ Vaseline လိမ်းပေးရပါမယ်။ ပုံမှန် Vaseline ဘူး အပြာကို သုံးပေးနိုင်ပါတယ်။ ဒါမှမဟုတ် Vaseline က ထုတ်ထားတဲ့ Lip Product တွေကိုလည်း သုံးနိုင်ပါတယ်။

အဆင့် ၅

ဒီနောက်ဆုံးအဆင့်ကတော့ ပုံမှန် နှုတ်ခမ်းနီ ဆိုးရမယ့်အဆင့်ပါ။ ဒါပေမဲ့ နှုတ်ခမ်းနီ မဆိုးခင် Lip Balm အရင်ဆိုးသင့်ပါတယ်။ ဒါဆိုရင်တော့ သင်နှုတ်ခမ်းနီဆိုးတဲ့အချိန် အရင်လို နှုတ်ခမ်းအဖက်တွေ ထွက်မလာတော့ဘဲ နှုတ်ခမ်းစိုစိုလေးနဲ့ နူးညံ့နေတာကို ချက်ချင်း သတိထားမိပါလိမ့်မယ်။

ဒီနည်းလမ်းကို မိတ်ကပ်လိမ်းတဲ့နေ့မှာလည်း နှုတ်ခမ်းသား ချောမွေ့ဖို့ အသုံးပြုနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar