စိတ်ဖိစီးမှုများလို့ပဲ့ဖြစ်ဖြစ် ညဘက်တွေမှာ အိပ်ရေးပျက်တာများလာပြီး တော်ရုံတန်ရုံနဲ့ အိပ်ပျော်ဖို့ခက်လာတဲ့သူတွေအနေနဲ့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ညနေဘက်မှာ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို ပြထားတဲ့အတိုင်း အစဉ်လိုက်စီ ညနေဘက်မှာ လုပ်ပေးမယ်ဆိုရင်တော့ ညဘက်တွေမှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်လာနိုင်တာကို သိသိသသာသာခံစားရမှာပါနော်။

ခုံပေါ်ကို ခေါင်းအုံးအပါးလေးတင်ပြီး ပုံမှာပြထားတဲ့ အနေအထားအတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ၅ မိနစ်လောက် နံရံမှာ ခြေထောက်ကို ကပ်ပြီးထောင်ထားရမှာပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်ကို လက်နဲ့လှမ်းကိုင်ပြီး စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးကို လက်နဲ့လှမ်းကိုင်ပြီး ဒူးခေါင်းက ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ ထိအောင်လုပ်ရမှာပါ။ ဒီအတိုင်း ၁ မိနစ်လောက်လုပ်ပေးရင် ရပါပြီ။

ပုံမှာပြထားသလို လှဲအိပ်ပြီး ခြေထောက်နှစ်ဖက်ကိုကွေးကာ ခြေဖဝါးနှစ်ဖက်ကို စုံထိထားရပါမယ်။ ဒီအနေအထားအတိုင်းး ၂ မိနစ်နေပေးရပါမယ်။

ပုံမှာပြထားသလို လက်ဖဝါးနှစ်ဖက်ကို တင်ပါးအောက်ထည့်ပြီး တံတောင်ဆစ်ကစလို့ ကြမ်းပြင်နဲ့ထိထားရပါမယ်။ ခေါင်းကိုလည်း မော့ထားရမှာပါ။ ဒီအနေအထားအတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း နှစ်မျိုးလုံးလုပ်ပေးရမှာပါ။ တစ်မျိုးကို စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိနေပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်နဲ့ လက်ကို တန်းနေအောင် ဆန့်ထားရမှာပါ။ ဒီအနေအထားအတိုင်း စက္ကန့် ၆၀ နေပေးရပါမယ်။

Source:brightside.me