တချို့မိန်းကလေးတွေက အဝတ်အစား ရွေးတဲ့အခါ အင်္ကျီကျပ်တာတွေ၊ ပေါ့ပေါ့ပါးပါး မဖြစ်တာတွေကို ရှောင်တတ်ကြပါတယ်။ ပွပွလေး ဖြစ်နေမှ သူတို့ကိုယ် သူတို့ ကျေနပ်သဘောကျကာ ပိုလွတ်လပ်တယ် ခံစားတတ်ကြပါတယ်။ အများစုက အင်္ကျီအပွ ဝတ်တယ်ဆိုရင် ခန္ဓာကိုယ် မပေါ်တာကြောင့် မလှဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝတ်တတ်မယ်ဆိုရင် ခပ်ပွပွစတိုင်ကလည်း လှနေဦးမှာပါ။ ဒီတော့ ပျိုမေတို့ နမူနာယူနိုင်မယ့် ခပ်ပွပွစတိုင်တွေကို ကြည့်လိုက်ရအောင်နော်-

Hoodie အပွနဲ့ စကပ်တို

အထူးသဖြင့် ခြေတံရှည်တဲ့ ပျိုမေတို့နဲ့ လိုက်ဖမယ်မယ့် စတိုင်ဖြစ်ပါတယ်။ အနက်နဲ့ ပန်းရောင်က လိုက်ဖက်တဲ့ အရောင်ပါ။

Oversized T Shirt နဲ့

Oversized T Shirt အပွကို ဘောင်းဘီတိုထဲ ထည့်ဝတ်ပြီး ပေါ့ပေါ့ပါးပါး အထာကျကျ ဝတ်ဆင်နိုင်ပါတယ်။

အစင်းကြောင်း ရှပ်အပွနဲ့

အစင်းကြောင်း ရှပ်အပွက ပျိုမေအများစုနဲ့ လိုက်ဖက်ပါတယ်။ ဒါကို ဂျင်းဘောင်းဘီတိုနဲ့ တွဲနိုင်ပါတယ်။

Oversized T Shirt နဲ့ ဘောင်းဘီရှည်

သင်က ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်ဆိုရင် Oversized T Shirt, ဘောင်းဘီရှည် နဲ့ လိုက်ဖက်ပါလိမ့်မယ်။

အင်္ကျီလက်ပြတ်နဲ့ စကပ်အကား

အင်္ကျီလက်ပြတ် အပွလေးကို စကပ်အကားထဲ Tuck လုပ်ကာ ဝတ်ဆင်နိုင်ပါတယ်။

ရာသီဥတု အေးတဲ့အချိန်

Sweater အပွလေးနဲ့ ဘောင်းဘီအပွက မလိုက်ဘူးထင်ရပေမယ့် အရောင်စပ်တတ်ရင် ချစ်ဖို့ကောင်းတဲ့ စတိုင်ပါ။

Sweater Vest နဲ့ အတူ

အင်္ကျီလက်ရှည်အပေါ်က Sweater Vest ကို ဝတ်ပြီး အောက်ဘက် ဘောင်းဘီတိုနဲ့ တွဲနိုင်ပါတယ်။ ဦးထုပ်အရောင်၊ ဖိနပ်အရောင်၊ ဘောင်းဘီအရောင် စတာတွေက ဆင်တူ ဖြစ်သင့်ပါတယ်။

ဂါဝန်လေးနဲ့

ဂါဝန်က ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်စတိုင်ပါ။ ဒါကို အပေါ်ထပ် Sweater နဲ့ တွဲနိုင်ပါတယ်။

ရှပ်အပွနဲ့ ဘောင်းဘီတို

ခပ်မိုက်မိုက် စတိုင်နှစ်သက်တဲ့ ပျိုမေတို့အနေနဲ့ ဒီရှပ်အပွလေးနဲ့ ဘောင်းဘီတို စတိုင်ကို Try ကြည့်သင့်ပါတယ်။

ကွက်ကျား Vest လေးနဲ့

အထာကျကျနဲ့ စတိုင်ကျတဲ့ ကောင်မလေးမျိုးဖြစ်ချင်ရင် ပုံထဲက ဒီဇိုင်းလေးက သင့်တော်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar