မနက်ဖြန်အတွက် ဘာဝတ်ရမလဲ၊ အပြင်သွားရင် ဘာဝတ်ရမလဲ တွေးရတာ၊ ဝတ်ကြည့်ရတာက သင့်အတွက် အလုပ်တာဝန်တစ်ခုလို ဖြစ်မနေသင့်ပါဘူး။ ပျော်ဖို့ကောင်းသင့်ပါတယ်။ သင်က သင့်ပုံစံကို သဘောမကျရင်၊ သင့်ကိုယ်သင် ယုံကြည်မှုမရှိရင် သင်ဝတ်တဲ့ စတိုင်ကိုလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဝတ်အစားဝတ်တဲ့အခါ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဖြစ်နေတဲ့ စိတ်ကို ပြောင်းလဲလို့ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒီတော့ နည်းလမ်းတွေကို ကြည်ု့လိုက်ရအောင်-

၁။ အလွှာထည့်ပါ

သင်က ပေါင်တံကို မပြချင်ရင် အောက်ဘက်က Stocking ခံဝတ်နိုင်ပါတယ်။ သင်သဘောကျတဲ့ Crop Top ဝတ်ချင်ပေမယ့် ဗိုက်ပေါ်တာ မကြိုက်ရင် အောက်ဘက်က Tank Top ခံဝတ်နိုင်ပါတယ်။ ကိုယ့် Appearance ကို အားမရရုံနဲ့ ကိုယ်ဝတ်ချင်တဲ့ အဝတ်ကို မဝတ်တာမျိုး မလုပ်သင့်ပါဘူး။

၂။ တခြားသူကို Copy မယ့်အစား ကိုယ်ပိုင်စတိုင် တစ်ခု ဖန်တီးပါ

သူများက လှတယ်လို့ပြောတိုင်း၊ ဘယ်သူပဲ ဘယ်လောက် ဝတ်ကြပါစေ သင်မနှစ်သက်ရင် လိုက်ဝတ်စရာ မလိုပါဘူး။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကို လုံးဝ ဖော်မဝတ်ဘူးလဲ သင့်ဘာသင် ဆုံးဖြတ်လို့ရပါတယ်။ ကိုယ်နှစ်သက်ပြီး ကိုယ်နဲ့ အဆင်ပြေတဲ့ စတိုင်မျိုးကပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေမှာပါ။

၃။ ကိုယ်နဲ့ တကယ် Fit ဖြစ်တဲ့ အဝတ်အစားကိုပဲ ဝယ်ပါ

အမျိုးသမီး အများစု လုပ်မိတတ်တာက ကိုယ်နဲ့ သေးတဲ့၊ ပိုကြီးတဲ့ အဝတ်အစားတွေကို ဝယ်မိတတ်ကြခြင်းပါ။ အဝတ်အစား ဝယ်ရင် ကိုယ့် Size နဲ့ အဆင်ပြေမှ ဝယ်သင့်ပါတယ်။

၄။ သူငယ်ချင်းကို ခေါ်သွားပါ

သင်က သင်နဲ့ ဘယ်စတိုင် လိုက်လဲ မသိရင် အင်္ကျီသွားဝယ်တဲ့နေ့မှာ တိုင်ပင်ဖော် တိုင်ပင်ဘက် သူငယ်ချင်းကို ခေါ်သွားသင့်ပါတယ်။ သူက သင့်ကို အကြံပေးနိုင်ပါလိမ့်မယ်။

၅။ အားသာချက်ကို ပြပါ၊ အားနည်းချက်ကို ဖုံးကွယ်ပါ

သင် အလုပ်အင်တာဗျူးဖြေရင် ကိုယ့်အားသာချက်ကို ပြောပြီး အားနည်းချက်ကို ဖုံးကွယ်ထားသလိုပဲ အဝတ်အစား ဝတ်တဲ့အခါလည်း ကိုယ်သဘောကျတဲ့ နေရာကို ပိုဦးစားပေး ဝတ်ပြသင့်ပါတယ်။ ကိုယ်မကြိုက်တဲ့ခန္ဓာကိုယ် နေရာတွေကိုတော့ ဖုံးကွယ်ထားနိုင်ပါတယ်။

၆။ Accessories တွေ ပိုထည့်ပါ

သင်က ခါးပတ်၊ ဖိနပ်၊ အပြင်ထပ် စတာတွေကို ပြောင်းလဲနေမယ်ဆိုရင် အင်္ကျီတစ်ထည်တည်းကို ထပ်ခါထပ်ခါ ဝတ်တယ်လို့ ဘယ်သူမှ မသိတော့ပါဘူး။

၇။ အိမ်မှာ အရင်ဝတ်ကြည့်ပါ

အပြင်ထွက်တဲ့အခါ ကိုယ့်စတိုင်ကိုယ် သက်တောင့်သက်သာ ဖြစ်ဖို့ အိမ်မှာ အရင် စမ်းဝတ်ကြည့်ပြီး လမ်းလျှောက်ကြည့်သင့်ပါတယ်။

၈။ တစ်ကြိမ်မှာ တစ်ခုပဲ စွန့်စားပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ဝတ်ချင်တဲ့ ပျိုမေတို့အနေနဲ့ တစ်ကြိမ်တည်းနဲ့ မဝတ်ဖူးတာတွေ အကုန် ဝတ်ကြည့်တာမျိုး မဟုတ်ဘဲ တစ်ကြိမ်မှာ တစ်မျိုးလောက်ပဲ စတိုင်ပြောင်းကြည့်သင့်ပါတယ်။

၉။ ကိုယ့်ခေါင်းထဲက ကဲ့ရဲ့သံကို နားမထောင်ပါနဲ့

များသောအားဖြင့် ကိုယ့်စတိုင်ကို တခြားသူက ဝေဖန်တာ မဟုတ်ဘဲ ကိုယ့်ဘာကိုယ် ဝေဖန်တာ ဖြစ်နေတတ်ပါတယ်။ သင့်အတွေးဖြစ်တာကြောင့် သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားပေးနေသင့်ပါတယ်။

၁၀။ ခေါင်းမော့ကာ ပြုံးထားပါ

ဘယ်လောက်ပဲ အကြံပေးချက်တွေ နားထောင်နေပါစေ တကယ့် Confidence က သင့်ရင်ထဲကနေ လာတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စတိုင်ကျနိုင်ကြောင်း ယုံကြည်မှု ရှိသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar