လူတိုင်းလူတိုင်း သူတို့ရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ တချို့အခက်အခဲတွေက သေးသေးမွှားမွှားဆိုပေမယ့် တစ်ခါတစ်လေမှာ ဖြေရှင်းရမယ့်နည်းလမ်းပျောက်နေပြီး ခေါင်းခြောက်စရာတွေဖြစ်လာတက်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ စာဖတ်သူတို့ရဲ့ နေ့စဉ်ဘဝထဲက အခက်အခဲတွေကို ပြေလည်စေဖို့ ထိရောက်တဲ့နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) နွားနို့ပူပူလေးထဲကို ဖာလာစေ့အနည်းငယ်ရောထည့်ပြီးသောက်သုံးပေးမယ်ဆိုရင် လည်ချောင်းနာခြင်းကို အမြန်ဆုံးသက်သာစေပါတယ်။

(၂) အကယ်၍ ထင်းချောင်းတွေ မီးသွေးတွေက ရေစိုနေပြီး မီးမွေးရခက်နေတယ်ဆိုရင် အာလူးကြော်ကိုအသုံးပြုနိုင်ပါတယ်။ အားလုံးကြော်က မီးစွဲမြန်ဖို့ ကူညီပေးနိုင်လို့ပါ။

(၃) အာလူးပြုတ်ရာမှာ အချိန်တိုအတွင်းမြန်မြန်ကျက်ချင်တယ်ဆိုရင် ရေနွေးအိုးထဲသို့ ထောပတ်အနည်းငယ်ထည့်လိုက်ပါ။

(၄) ကြက်ဥဘဲဥတွေ လတ်ဆတ်လားသိချင်ရင် ရေအပြည့်ထည့်ထားတဲ့ ဇလုံတစ်ခုထဲသို့ ထည့်လိုက်ပါ။ လတ်ဆတ်တဲ့ကြက်ဥဘဲဥတွေက ရေထဲမှာမြုပ်နေမှာဖြစ်ပြီး လတ်ဆတ်မှုမရှိတဲ့ ကြက်ဥတွေက ရေပေါ် ပေါ်နေမှာဖြစ်ပါတယ်။

(၅) ကွက်ကီး သို့မဟုတ် ပိုင်မုန့်လုပ်ဖို့အတွက် ကြက်ဥအလွယ်တကူမရှိရင် ငှက်ပျောသီးကို အစားထိုးသုံးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ငှက်ပျောသီးတစ်ဝက်ခန့်က ကြက်ဥတစ်လုံးနှင့် ညီမျှပါတယ်။

(၆) အဝတ်အစားတွေပေါ်မှာ မှင်စွန်းထင်းခဲ့ရင် လက်သည်းဖျက်ဆေးကို စွန်းထင်းနေတဲ့နေရာတစ်ဝိုက်သုတ်လိမ်းပြီး ဂွမ်းစဖြင့်ပွတ်ပေးနိုင်ပါတယ်။

(၇) ရှုးဖိနပ်တွေရေစိုသွားတဲ့အခါ ဒယ်အိုးပေါ်မှာ ၃ မိနစ်လောက်အပူပေးထားတဲ့ ဆားကို ခြေအိတ်အတွင်းထည့်ပြီး ရေစိုနေတဲ့ ဖိနပ်ထဲကိုထည့်ထားလိုက်ပါ။ အချိန်တိုအတွင်း ရေခြောက်သွားပါလိမ့်မယ်။

(၈) ခေါင်းကိုက်တဲ့အခါ သံပရာသီးကိုထက်ခြမ်း ခြမ်းပြီးနဖူးနှင့် နားထင်တစ်ဝိုက်ကို ညှင်သာစွာပွတ်ပေးပါ။ ခေါင်းကိုက်အမြန်ပျောက်ပါလိမ့်မယ်။

(၉) ဖုန်းမျက်နှာပြင်ပေါ်က ပွန်းရာခြစ်တွေအတွက် သွားတိုက်ဆေးအနည်းငယ်ကို ဖုန်းမျက်နှာပြင်မှာသုတ်ပြီး အဝတ်စဖြင့်ပွတ်ပေးပါ။ ပွန်းရာခြစ်ရာတွေပြောင်သွားပါလိမ့်မယ်။

(၁၀) မီးဖိုချောင်ထဲက အနံ့အသက်ဆိုးတွေကိုဖယ်ရှားဖို့ ဆိုရင် ပန်းသီးရှာလကာရည်အနည်းငယ်ကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ ဒယ်အိုးထဲက ပန်းသီးရှာလကာရည်များခမ်းသည်အထိ တည်ထားပေးပါ။ အနံ့ဆိုးတွေပျောက်သွားပါလိမ့်မယ်။

Source : Brightside