သင့်ဘဝမှာ ဘယ်အရာမှ အဆင်မပြေတော့ဘူးလို့ ခံစားရတဲ့အချိန် လုပ်နိုင်မယ့် အရာတွေ ရှိပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ သင်ထင်တာထက် သင်က ပိုပြီး ခွန်အားကြီးပါတယ်။ ဒါကြောင့် ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ သင်လုပ်နိုင်မယ့် အရာတွေ အများအပြား ရှိပါတယ်။ အခုဖော်ပြထားတဲ့ အရာတွေကတော့ သင်လုပ်နိုင်မယ့် အရာတွေ ဖြစ်ပါတယ်။
၁။ ကိုယ်တကယ် ဘာလိုချင်တာလဲ ဆုံးဖြတ်ပါ
သင်လိုချင်တဲ့အရာက ငွေကြေးနဲ့ ပတ်သက်တာ ဖြစ်နိုင်သလို ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တာ၊ ဘဝနဲ့ ပတ်သက်တာ ဖြစ်နိုင်ပါတယ်။ ကိုယ် ဘာဖြစ်ချင်မှန်းမသိဘဲ သင့်ဘဝကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရင်ထဲမှာ အမှန်တကယ် ဘာဖြစ်ချင်နေတာလဲ စဉ်းစားသင့်ပါတယ်။
၂။ တခြားသူတွေ ပျော်အောင် ထားပေးတာကို ရပ်ပါ
သင့်မိဘတွေ ပျော်အောင် နေပေးတာ၊ တခြားသူ ပျော်ရွှင်ဖို့ လိုက်လုပ်ပေးတာ စတာတွေကိုပဲ လုပ်နေရင် သင်ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ တခြားသူတွေ ချပေးတဲ့ ဘဝစည်းကမ်းတွေအတိုင်း မနေထိုင်ဘဲ ကိုယ် နှစ်သက်တဲ့ ပုံစံနဲ့ နေထိုင်သင့်ပါတယ်။
၃။ ကိုယ်သုံးတဲ့ Social Media ကို တိကျစွာ သတ်မှတ်ပါ
ဘယ် Social Media က သင့်စိတ်ကို ကောင်းတဲ့ဘက် ဆွဲခေါ်နိုင်လဲ၊ ဘယ် Media ကတော့ သင့်ရဲ့ ပျော်ရွှင်စိတ်ကို ဆွဲချသွားတတ်လဲ အမြဲ သတိထားပြီး ကြည့်နေသင့်ပါတယ်။
၄။ ဆင်ခြေမပေးပါနဲ့တော့
ဒီအတိုင်း ထိုင်နေရုံနဲ့တော့ သင့်ဘဝက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာမဖြစ်သေးလို့၊ ဘာမရှိသေးလို့ ဆိုတဲ့ ဆင်ခြေပေးတာတွေကို ရပ်ကာ ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာက စ စဉ်းစားပေးသင့်ပါတယ်။
၅။ ပိုကျန်းမာတဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ
သင်က ဝိတ်မများတဲ့ သူမဟုတ်ရင်တောင် သင့် အလေ့အကျင့်က ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ရှိနိုင်ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး သုံးခါ မိနစ် ၃၀ လေ့ကျင့်ခန်း လုပ်သင့်ပြီး Fast Food တွေကို ကန့်သတ်စားတာ၊ ရေများများ သောက်တာ၊ အိပ်ချိန် မှန်အောင်ထားတာ၊ အသီးအရွက် များများစားတာတွေ လုပ်ပေးသင့်ပါတယ်။
၆။ အပြုသဘောတွေးတဲ့သူ ဖြစ်အောင် ကြိုးစားပါ
သင့်ဘဝကို ပြန်ထိန်းချုပ်နိုင်ဖို့ သင်တွေးတဲ့ အတွေးအခေါ်ကို အကောင်းဘက် ဦးတည်သင့်ပါတယ်။ မကောင်းတဲ့ Negative Thinking နေရာမှာ အပြုသဘောဘက် သွားတဲ့ စကားတွေ၊ အတွေးတွေနဲ့ အစားထိုးပေးသင့်ပါတယ်။
၇။ အနားယူပါ
အလုပ်၊ သင်တန်း၊ မိသားစု စတာတွေ ကြားမှာ သင့်အတွက် အချိန် မပေးမိတာ ဖြစ်နိုင်ပါတယ်။ သင့်ဘဝသင် ထိန်းချုပ်နိုင်ဖို့ သင့်ရဲ့ အနားယူချိန်တွေကို သတ်မှတ်သင့်ပါတယ်။ ပိတ်ရက် သတ်မှတ်တာ၊ ဒီပိတ်ရက်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဖြတ်သန်းတာ၊ ခရီးသွားတာ၊ အပြင်ထွက်တာ စတာတွေ လုပ်ပေးသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar