Relationship တိုင်းက သင်ခန်းစာတစ်ခုခုတော့ ပေးစမြဲပါပဲ။ ဘာပြဿနာမှမရှိ ပျော်ရွှင်အဆင်ပြေနေတဲ့ အချစ်ရေးမှာတောင် ဘဝကို ချမ်းမြေ့ကြည်လင်တဲ့ စိတ်အစဉ်နဲ့ ရှုမြင်တတ်အောင် သင်ပေးနိုင်ပါတယ်။

ရည်းစားထားခြင်းကနေ ရလာမယ့် သင်ခန်းစာတွေထဲမှာ ဘဝအတွက် အသုံးဝင်တဲ့အချက်တွေလည်း အများကြီး ပါနေပါတယ်။

(၁) ဘဝထဲက သေးသေးမွှားမွှားလေးတွေ ခံစားတတ်လာမယ်

သေးမွှားတဲ့ အောင်မြင်မှုလေးတွေ ၊ ဘာရယ်မဟုတ်တဲ့ နေ့ရက်လေးတွေ ၊ မှတ်တိုင်ငယ်လေးတွေနဲ့ ပျော်စရာကိစ္စလေးတွေအကြောင်း ချစ်ခြင်းမေတ္တာကပဲ လှစ်ဟ ဖော်ကျူးနိုင်မှာပါ။ ရင်နာစရာ Relationship တွေမှာတောင် ရင်ခုန်လှိုက်မောဖွယ်ရာ အခိုက်အတန့်တွေနဲ့ ကြုံရတတ်သေးတာပဲ မလား။

(၂) ဂရုစိုက်တတ်လာမယ်

လှပတဲ့ ချစ်ခြင်းနဲ့ ကြုံတွေ့တဲ့အခါ လူတွေဟာ အရင်လို တစ်ကိုယ်တော်အထီးကျန်မှု ခံစားချက်တွေ လွင့်ပါးလာပြီး တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ရကောင်းမှန်း သိလာနိုင်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ အချိန်ပေးဖို့ လူတစ်ယောက် ကိုယ့်ဘဝထဲ ရောက်လာတာကလည်း ထူးခြားတဲ့ ခံစားချက်တစ်ခုပါပဲ။

(၃) တစ်ဖက်သားကို လေးစားမှု ရှိလာမယ်

ကိုယ်ချင်းစာမှု နဲ့ လေးစားမှုဆိုတာ လူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ ကိုယ့်မှာမရှိတဲ့ အရည်အသွေးတွေကို လက်တွဲဖော်မှာ မြင်တွေ့လာနိုင်တာကြောင့် တစ်ယောက်ကို တစ်ယောက် လေးစားရကောင်းမှန်း ပိုသိလာမှာပါ။

(၄) ခံစားချက်တွေ ဖော်ပြဖို့ မခက်တော့ဘူး

အတော်များများက ကိုယ့်ခံစားချက်ကို မြိုသိပ်ရတာ အကျင့်လိုကို ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း ချစ်သူတစ်ယောက် ရှိလာတဲ့အခါ ကိုယ့်ခံစားချက် Expression ကို ပြသဖို့ သိပ်မခက်တော့တာ တွေ့လာနိုင်ပါတယ်။ အရင်လို မထုံတတ်တေးနဲ့ လောကဓံကို ရင်ဆိုင်တဲ့သူတစ်ယောက်တောင် သူ့ချစ်သူရှေ့မှာ ခံစားချက်တွေ ရင်ဖွင့်ချလာနိုင်ပါတယ်။