ဘယ်အရာမှ အကြာကြီး မမြဲပါဘူး။ အချစ်ရေးဆိုတာလည်း အမြဲတမ်း ဒီတစ်သက် ဒီတစ်ယောက်နဲ့ ဒီလိုပဲ ချစ်မြတ်နိုးသွားရမယ်လို့ ကျိန်းသေပေါက် ပြောလို့မှ မရတာ ။ ဒါပေမယ့် ပြဿနာတိုင်းရဲ့ ထုံးစံအတိုင်း ပြတ်စဲသွားတဲ့ Relationship တစ်ခုဟာ ဘဝအတွက် အသုံးဝင်တဲ့ သင်ခန်းစာတွေ ပေးတတ်ပါတယ်။

(၁) အတွေးလွန်ခြင်းက အဆုံးမှ ပိုပြီးနာကျင်ရတယ်

Photo: Women’s Health

Relationship တစ်ခုရဲ့ အဆုံးမှာ အခြေအနေတိုင်းအကြောင်း အတွေးတွေ နစ်နေတာ ၊ ခေါင်းထဲမှာ တစ်ယောက်တည်း ပြောတဲ့ စကားလုံးတွေနဲ့ နပန်းသတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ သေချာတာက အတွေးတိုင်းရဲ့ နောက်ကွယ်ဟာ အတိတ်ထဲမှာ ဝဲလှည့်ပြီး နာကျင်စရာတွေနဲ့ပဲ အဆုံးသတ်သွားတတ်ပါတယ်။ သင့်ခံစားချက်ကို သူငယ်ချင်းမိတ်ဆွေတွေ ၊ မိသားစုဝင်တွေကို ရင်ဖွင့်ပါ။

(၂) ကိုယ့်ကိုယ်ကို အကောင်းဆုံးမိတ်ဆွေ ဖြစ်အောင် သင်ယူတယ်

Photo: Pixabay

အသည်းကွဲပြီး သိရတဲ့ နောက်ထပ် သင်ခန်းစာတစ်ခုက လူတွေဟာ သူတို့ချစ်သူကို ချစ်သလောက် ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့ မေ့နေတတ်တယ် ဆိုတာပါပဲ။ ကိုယ့်အနားမှာ ဘယ်သူမှ မရှိမှ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနဲ့ စိတ်လက်ပျော်ရွှင်အောင် ထားဖို့ဆိုတာ အရေးပါမှန်း ပိုသိလာတတ် ပါတယ်။ သင့်ကိုယ်သင် မချစ်ရင် သင်ဟာ သင့်ကိုချစ်မယ့် လူတစ်ယောက်ပေါ် မှီခိုနေရတတ်ပါတယ်။ တစ်ခြားသူတစ်ယောက်ရဲ့ အချစ်ခံရခြင်းဟာ ဘယ်တော့မှ အပြည့်အဝ စိတ်ကျေနပ်စရာ ဖြစ်မှာ မဟုတ်ပါဘူး။

(၃) အချိန်ရဲ့ ကုစားမှုကို နားလည်လာပါတယ်

Photo: Pinterest

Breakup ဖြစ်ပြီးနောက် ခံစားချက်အမျိုးမျိုးကို ကြုံရမှာပါ။ ဒေါသထွက်မယ် ၊ ရှော့ခ်ဖြစ်သွားမယ် ၊ ဝမ်းနည်းပြီး စိတ်ဓါတ်ကျမယ် ၊ ဗလာဟင်းလင်းနဲ့ တစ်ယောက်တည်း အထီးကျန်သလို ခံစားရမယ် ၊ လက်ခံလိုက်ရတယ် ၊ စိတ်လှုပ်ရှားနေမယ်။ ဒီခံစားချက်တွေနဲ့ တဝဲလည်လည် ဖြစ်နေရင်းနဲ့ သိလာတာက အချိန်ကြာလာတာနဲ့ စိတ်အနာဟာ သက်သာလာတယ်ဆိုတာ တွေ့ရမှာပါ။

(၄) ခွင့်လွှတ်တတ်လာတယ်

Photo: A Mama Blessed

အချစ်ရေးပြိုကွဲသွားပြီးနောက် သင့် ex ကို လက်တုံ့ပြန်ချင်မယ် ၊ အရာရာတိုင်းကို အပြစ်တင်ချင်မယ်။ ဒါပေမယ့်လည်း သွေးအေးသွားတဲ့အချိန် လူတွေကို အပြစ်တင်မယ့်အစား သူတို့ကို ခွင့်လွှတ်ဖို့ပဲ ကြိုးစားလာပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကို လက်ခံလိုက်တာနဲ့ အရာရာဟာ ပိုပြီး နေလို့ကောင်းလာတယ်။ စိတ်မှာလည်း ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားတယ်ဆိုတာ သိသွားပါတယ်။

(၅) ကိုယ့်အမှားကို ပြန်ပြင်တတ်လာမယ်

Photo: The Independent

အချစ်ရေးမှာ ရှုံးနိမ့်ခဲ့သူဟာ ဒီအမှားကနေ အပြုသဘောဆောင်တဲ့ အဖြေကို သူ့ဘာသာ ရှာတတ်လာပါတယ်။ နောင်တစ်ချိန် ကိုယ်နဲ့ လက်တွဲမယ့် ချစ်သူတစ်ယောက်ကို ပိုချစ်နိုင်အောင် ၊ ပိုလက်ခံနိုင်အောင် ကိုယ့်အမှားတွေထဲကနေ သင်ခန်းစာကောင်းကောင်း ပြန်ထုတ်တတ်လာပါတယ်။ တစ်ခါတစ်လေမှာ ပျက်စီးပြိုကွဲသွားတဲ့ အတွေ့အကြုံတစ်ခုက ရတဲ့ သင်ခန်းစာဟာ တစ်ဘဝလုံးအတွက် ပိုကောင်းတဲ့လမ်း လျှောက်လှမ်းနိုင်ဖို့ အထောက်အကူကောင်း ဖြစ်တတ်ပါတယ်။