ကိုယ်က အလျင်လို အမြန်လိုနေပါပြီဆိုကာမှ မထင်မှတ်ထားတဲ့ပြဿနာတွေ ထဖြစ်တတ်တဲ့ စိတ်ပျက်စရာအခြေအနေမျိုးတွေကို ကြုံတွေ့ဖူးပါသလား။ ဥပမာပြောရရင် အရေးကြီးတဲ့အစည်းအဝေးသွားဖို့က မိနစ် ၂၀ သာလိုတော့ကာမှ ဂျင်းဘောင်းဘီက ဇစ်ထပျက်သွားတာမျိုးလို၊ ဝတ်ဖို့ပြင်ထားတဲ့တီရှပ်အကျီက တွန့်ကြေနေတာမျိုးလို၊ မိတ်ကပ်လိမ်းရင်း အကျီအဖြူမှာ မိတ်ကပ်စွန်းသွားတာမျိုးတို့လို အခြေအနေမျိုးတွေပဲဖြစ်ပါတယ်။

အခုလို စိတ်ပျက်စရာ အခြေအနေတွေ ကြုံလာတဲ့အခါတိုင်း သွားပြီဟဆိုပြီး ထိုင်စိတ်ညစ်နေမယ့်အစား ဘယ်လိုပြန်လည်ပြုပြင်နိုင်မလဲဆိုတာကို စဥ်းစားတွေးခေါ်နိုင်စေဖို့အတွက် တချို့သောအသုံးဝင်စေမယ့် နည်းလမ်းကောင်းလေးတွေကို စာဖတ်သူတွေအတွက် ဝေမျှပေးချင်ပါတယ်။

Wing အိုင်းလိုင်နာကို မြန်မြန်ဆန်ဆန်နဲ့ ညီညီညာညာဆွဲချင်တယ်ဆိုရင်တော့ ကလစ်အမည်းထိပ်မှာ အိုင်းလိုင်နာနည်းနည်းတို့လိုက်ပြီး မျက်လုံးထောင့်ကို ထိပေးပါ။

ဆံပင်ကို မတူတဲ့အရောင်လေးတွေဆိုးပြီး Highlight ဖောက်သလိုမျိုး ပြင်ချင်တယ်ဆိုရင် အိုင်းရှဲဒိုးတွေကို သုံးလို့ရပါတယ်။ ဘေးထွက်ဆိုးကျိုးရယ်လို့လည်းမရှိသလို ခေါင်းလျှော်ရည်နဲ့ အလွယ်တကူ ပြန်လျှော်နိုင်လို့ဖြစ်ပါတယ်။

ပန်းချီကားတွေပေါ်မှာတက်နေတဲ့ ဖုန်တွေကိုဖယ်ရှားချင်ပါက Sponge အစား ပေါင်မုန့်ကိုအသုံးပြုလို့ရပါတယ်။ ပေါင်မုန့်က ပန်းချီကားတွေပျက်စီးသွားမှာ မပူရဘဲ သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။

ဝတ်ကြည့်စရာမလိုဘဲ ကိုယ့်ဆိုဒ်နဲ့တော်မယ့် ဂျင်းဘောင်းဘီကိုဝယ်ချင်တယ်ဆိုရင် ပုံမှာပြထားတဲ့နည်းလမ်းအတိုင်း လက်ဖျံကိုသုံးပြီး တိုင်းကြည့်လိုက်ပါ။

မိတ်ကပ်လူးပြီးမှ အကျီဝတ်မယ့်သူတွေအနေနဲ့ မိတ်ကပ်ပျက်မှာကြောက်တယ်၊ အကျီပေမှာကြောက်တယ်ဆို ခေါင်းမှာအိတ်စွပ်ပြီး ဝတ်လို့ရပါတယ်။

ဆွယ်တာအဟောင်းကို ဒီဇိုင်းအနေအထားအသစ်နဲ့ ဂါဝန်အဖြစ်ပြောင်းလဲကြည့်လိုက်ပါ။ လက်နှစ်ဖက်ကိုမထည့်ဘဲ လည်ပင်းစွပ်တဲ့နေရာကို ရင်ဘတ်နားမှာဝတ်လိုက်ပါ။ လက်နှစ်ဖက်ကို နောက်ကျောမှာ ကန့်လန့်ဖြတ်ယူလိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း အရှေ့နားရောက်တဲ့အခါ ချိတ်နဲ့ဆွဲလိုက်ပါ။

ဂျင်းဘောင်းဘီဝယ်တဲ့အခါ ကိုယ်နဲ့ဆိုဒ်တော်မတော် သိနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဂျင်းဘောင်းဘီရဲ့ ခါးအစွန်းနှစ်ဖက်ကိုကိုင်ပြီး လည်ပင်းမှာတိုင်းကြည့်ပါ။ အဖျားနှစ်ဖက်ထိတယ်ဆိုရင် သင့်ဆိုဒ်ပါပဲ။

အကျီတွန့်နေလို့ မီးပူသေချာတိုက်ဖို့ အချိန်မရှိတော့ဘူးဆိုရင် အကျီမှာရေနည်းနည်းဖြန်းလိုက်ပြီး ဆံပင်လေမှုတ်စက်နဲ့ လိုက်မှုတ်ပေးလိုက်ပါ။

Image Source: BrightSide