လူတိုင်းဟာ နောင်တရတဲ့ ခံစားချက်တွေ ကြုံဖူးကြမှာပါ။ ငါဒီလိုလုပ်ခဲ့မိရင်ကောင်းသား…. အချိန်တွေသာနောက်ပြန်လှည့်လို့ရရင်…… ဆိုတဲ့အတွေးတွေ လူတိုင်းရှိခဲ့ကြပါတယ်။ ဒါပေမယ့် သင်က အသက်ရှူနေတုန်းပါပဲ။ အသက်ရှင်နေသရွေ့ မနက်ဖြန်ကို ပြောင်းလဲဖို့  အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်။ အခုချိန်ကစပြီး နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အချိန်တန်လာပါပြီ။

သင်ကြိုက်တာသင်လုပ်ပါ

သင်ဟာ တခြားသူရဲ့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ဖို့၊  တခြားသူတွေက သင့်ကိုသဘောကျဖို့အတွက်အတင်းကြိုးစားရင်း ဘဝကို ဖြတ်သန်းနေရတယ်ဆိုရင် အမြဲ စိတ်ဆင်းရဲ နေရပါလိမ့်မယ်။ ဒီလိုဘဲ အတင်း အချိန်ဖြုန်းနေရင် ဘဝက မှားယွင်းတဲ့ အခြေအနေတွေနဲ့ အဆုံးသတ်သွားလိမ့်မယ်။ ဒါကြောင့် ဘေးလူတွေရဲ့စိတ်နဲ့ နေထိုင်နေမယ့်အစား သင့်ကို အမှန်တကယ် ပျော်ရွှင်စေမယ့် ဘဝနေထိုင်မှုပုံစံမျိုးနဲ့ဘဲ နေထိုင်လိုက်ပါ။

သင့်စိတ်ကူးအတိုင်း ရှင်သန်ပါ

ရိုးရိုးသားသားပြောရရင် အထူးချွန်ဆုံးနဲ့ အရဲရင့်ဆုံးလုပ်ရပ်ကတော့ ကိုယ့်အတွက်ကိုယ်တွေးပြီး ကိုယ့်အသံကို ပြန်နားထောင်ဖို့ပါပဲ။ သင့်ဘဝကို တစ်စုံတစ်ယောက်ရဲ့ အတွေးအမြင်အတိုင်း ရှင်သန်နေခြင်းထက် သင့်စိတ်ကူး အတိုင်း ရုန်းကန်ခြင်းက ပိုကောင်းပါတယ်။

လုပ်စရာရှိတာလုပ်ပါ

ဘဝအတွက် ခိုင်မာတဲ့ ကျောရိုးကို တည်ဆောက်ပါ။ ဘဝအတွက် အရေးမပါတာတွေနဲ့ အလုပ်များမနေဘဲ အကျိုးရှိအောင် အာရုံစိုက်ပါ။ လုပ်ရမယ့်အရာများကို ပြီးအောင် မလုပ်ပါနဲ့ ။ မှန်ကန်တဲ့အရာတွေကို ပြီးအောင်လုပ်ပါ။

ချစ်တဲ့သူတွေနဲ့ ပြုံးရယ်နေလိုက်ပါ

ချစ်တဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေတွေနဲ့  ရင်းနှီးချစ်ခင်နေတဲ့ အချိန်တွေက တကယ်ကို အဖိုးတန်ပြီး တန်ဖိုးဖြတ်လို့ မရပါဘူး။  အလုပ်ကို စိတ်ဖိစီးလွန်းပြီး ပင်ပန်းလွန်းတဲ့အထိ မလုပ်ပါနဲ့။

ကိုယ့်ကိုယ်ကိုချစ်ပါ

အချစ်ဆိုတာ တခြားတစ်ယောက်ယောက်ကို ပေးနိုင်တဲ့ တစ်နေရာရာမှာ ရှိနေတဲ့အရာ မဟုတ်ပါဘူး။ သင့်ရင်ထဲမှာ ရှိပြီးသားပါ။ ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တချို့ကတော့ တခြားတစ်ယောက်ယောက်နဲ့ သင်မှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို သူတို့နဲ့ မျှဝေပေးတဲ့အချိန်ပါပဲ။ ဒါပေမယ့် အရင်ဆုံး ကိုယ့်ကိုယ်ကို ချစ်ဖို့တော့ မမေ့ပါနဲ့။