မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးမှန်ရင် လှချင်တဲ့ သူတွေချည်းပါပဲ။ လှတာထက် ပိုလှဖို့ အသားအရေထိန်းသိမ်းရ မိတ်ကပ်လိမ်းရနဲ့ ပင်ပန်းနေကြပြီလား ပျိုမေတို့ရေ။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် မိတ်ကပ်လိမ်းရာမှာ မြန်ဆန်လွယ်ကူတဲ့ ဖြတ်လမ်း နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီနည်းလမ်းတွေက ပျိုမေတို့အတွက် လက်တွေ့မှာ အမှန်တကယ်အသုံးဝင်ပါတယ်နော်။ ဒီနည်းလမ်းတွေကတော့-

၁။ သင့်ရဲ့ Eyeliner ခဲတံကို ဂျယ်ပုံစံ Eyeliner ပြောင်းလဲနိုင်ပါတယ်

ခဲတံပုံစံသုံးရတဲ့ Eyeliner တွေက ရေနဲ့စွတ်မှ ဆွဲရလွယ်တာကို ပျိုမေတို့သိကြမှာပါ။ ဒီခဲတံ Eyeliner ကို မီးခြစ်နဲ့ တစ်စက္ကန့် မီးတို့လိုက်ပါ။ ၁၅ စက္ကန့်အအေးခံပေးပါ။ ဒီလိုဆိုရင် ဂျယ်ပုံစံ Eyeliner ဖြစ်သွားပါပြီ

၂။ အိုင်းရဲှဒိုးအရောင်ကို ပိုပေါ်စေဖို့ မျက်လုံးမှာအဖြူရောင်ခြယ်ပေးပါ

မိတ်ကပ်ပညာရှင် Lauren Cosenza ကမျက်လုံးခြယ်ရင် ပိုပေါ်စေဖို့ အဖြူရောင် Eyeliner ကိုအရင်သုံးသင့်ပါတယ်တဲ့။ အဖြူရောင်က သင့်မျက်ခွံအရေပြားပေါ်မှာ လင်းထွက်နေမှာပါ။

၃။ Eyeliner ဆွဲရင် အဆုံးကနေ စပုံဖော်ဆွဲပါ ပြီးမှ တခြားအပိုင်းဆက်ဆွဲပါ

အပေါ်ကပုံမှာ ပြထားတဲ့အဆင့်တွေအတိုင်း Eyeliner ဆွဲတဲ့အချိန်တိုင်း အဆုံးကနေ စဆွဲကြည့်ပါ။ ဒီနည်းလမ်းက Eyeliner ဆိုးတဲ့နေရာမှာ သင့်ကိုပိုလွယ်ကူစေမှာပါ။

၄။ Eyeliner ကော့ကော့လေးဆွဲနိုင်ဖို့ ဇွန်းကိုသုံးလို့ရပါတယ်

ဇွန်းရိုးကနေ မျက်လုံးအပြင်ဘက် အကွေးလေးကို စဆွဲပါ။ အပေါ် Shade ကိုဆွဲဖို့ ဇွန်းကို မှောက်ခုံမှောက်ပြီး ဝိုက်သွားတဲ့နေရာကနေ ကွေးတဲ့ပုံစံဆွဲပေးပါ။ ဇွန်းနဲ့ဆွဲတာက သင့် Eyeliner ကိုပိုပြီးညီညာစေပါတယ်။

၅။ Smokey Eye ရဖို့ Hashtag # ပုံစံဆွဲပြီး Blend ပေးလို့ရပါတယ်

၆။ သင့်မျက်ခွံမှာ Mascara မပေစေဖို့ ဇွန်းကိုသုံးနိုင်ပါတယ်

မိန်းကလေးတွေ မျက်တောင့်ကော့တဲ့အချိန် တွေ့ရတတ်တဲ့အလွဲတစ်ခုကတော့ မျက်တောင်ဆေးက မျက်ခွံမှာသွားကပ်တာပါ။ ဒီလိုကပ်တာကို လိုက်ဖျက်ရတာက အလုပ်တစ်ခုပါ။ ဒီလိုမဖြစ်စေဖို့ ဖြေရှင်းနည်းကတော့ ဇွန်းကို မှောက်ခုံမှောက်ပြီး မျက်တောင်ကော့တဲ့အချိန် အကာအကွယ်အနေနဲ့ ထားလိုက်တာပါ။

၇။ ခြောက်သွားတဲ့ မျက်တောင်ကော့ဆေးကို Saline အရည်ထည့်ပြီးပြန်ဖျော်နိုင်ပါတယ်

မျက်တောင်ကော့ဆေးတစ်ချောင်းရဲ့ သက်တမ်းက သုံးလပါ။ သုံးလထက်ကျော်ရင် ဘတ်တီးရီးယားတွေပေါက်ပြီး သင့်မျက်လုံးကို ဒုက္ခပေးနိုင်ပါတယ်။ တကယ်လို့ သုံးလမပြည့်ခင် ကော့ဆေးခြောက်သွားရင်တော့ Saline ရည်ထည့်ပြီးဖြေရှင်းနိုင်ပါတယ်။ Saline ရည်ကို ဆေးဆိုင်တွေမှာလည်းရနိုင်ပါတယ်။

၈။ မျက်တောင်ကော့တံကို Dryer မှုတ်ပြီး မျက်တောင်လွယ်ကူစွာကွေးဖို့ သုံးနိုင်ပါတယ်

သင်ဆံပင်ကောက်တဲ့အချိန် အပူချောင်းကိုသုံးပြီးကောက်ရပါတယ်။ အပူက သင့်ဆံပင်ပုံစံကို ကြာရှည်ကောက်ထားပေးပါတယ်။ မျက်တောင်ကော့တဲ့ဖြစ်စဉ်မှာလည်း ဒီဖြစ်စဉ်လိုပါပဲ။ မျက်တောင်ကော့တံကို အပူမှုတ်လိုက်တဲ့အခါ ကော့တဲ့အချိန် မျက်တောင်ပိုကော့စေပါတယ်။ ဒီအကော့ကိုလည်း ပိုကြာရှည်ခံစေပါတယ်။

၉။ မျက်တောင်ထူသလိုမြင်ရစေဖို့ ပေါင်ဒါမှုန့်ကို အသုံးပြုနိုင်ပါတယ်

ပေါင်ဒါမှုန့်ကို သင်မျက်တောင်ကော့တဲ့အချိန် သုံးပေးပါက သင့်မျက်တောင်ထူသလိုဖြစ်စေပါတယ်။

၁၀။ မျက်တောင်တုကပ်တဲ့နေရာမှာ Glue ယူဖို့ ယိုးဒယားကလစ်ကို သုံးနိုင်ပါတယ်

မျက်တောင်တုကပ်တဲ့ ကော်ယူဖို့ ပစ္စည်းမရှိဘူးဆိုရင် ဖြတ်လမ်းအနေနဲ့ ယိုးဒယားကလစ်ကို သုံးနိုင်ပါတယ်။

၁၁။ နှုတ်ခမ်းနီရောင်တာရှည်ခံဖို့ တစ်ရှူးနဲ့ပေါင်ဒါသုံးနိုင်ပါတယ်

ပေါင်ဒါမှုန့်က သင့်နှုတ်ခမ်းနီအရောင်ကို တောက်ပစေတဲ့အပြင် ကြာရှည်ခံစေပါတယ်။ ပေါင်ဒါနဂိုအရောင်က အဖြူဖြစ်တာကြောင့် အသုံးပြုတဲ့အချိန် တစ်ရှူးကြားခံပေးပါ။ နှုတ်ခမ်းနီဆိုးပြီးနောက် တစ်ရှူးကာပြီး ပေါင်ဒါထပ်ပေးတာက သင့်နှုတ်ခမ်းနီအရောင်ကို တောက်ပပြီး ကြာရှည်ခံစေပါတယ်။

၁၂။ မလိုတော့တဲ့ Eyeshadow အမှုန်နဲ့ ကိုယ်ပိုင်နှုတ်ခမ်းနီပြုလုပ်နိုင်ပါတယ်

မတော်တဆကွဲသွားပြီး သုံးမရတော့တဲ့ Eyeshadow ဘူးတွေရှိလား။ ရှိရင်တော့ ဒီဘူးကို မလွှင့်ပစ်ပါနဲ့။ Petroleum ဂျယ်လီ (Vaseline) နဲ့ Eyeshadow အမှုန်ကိုရောပြီး နှုတ်ခမ်းနီပြုလုပ်နိုင်ပါတယ်။

၁၃။ နှုတ်ခမ်းနီဆိုးတဲ့အချိန် အပေါ်နှုတ်ခမ်းကို X ပုံစံနဲ့ စဆွဲပြီး ပညာသားပါပါဆိုးနိုင်ပါတယ်

အပေါ်နှုတ်ခမ်းသားကို အချိုးညီညီဆိုးနိုင်ဖို့ X ပုံစံစဆိုးပါ။ ပြီးမှ ဆက်ဆိုးပါ။

၁၄။ Concealer သုံးတဲ့အချိန် တြိဂံပုံစံဆွဲပေးပါ

မျက်ကွင်းညိုတဲ့နေရာ မျက်လုံးအောက်ကနေရာကို Concealer သုံးတဲ့အခါ တြိဂံပုံစံဆွဲပေးတာက မှန်ကန်တဲ့နည်းလမ်းပါ။ မျက်လုံးအောက်နေ ပါးရိုးကျအထိ တြိဂံပုံစံလုပ်ပေးပါ။ ဒီလိုလုပ်တာက မျက်နှာမှာ လင်းသင့်တဲ့နေရာလင်းသွားစေပါတယ်။

၁၅။ Contour လုပ်တဲ့အချိန် တိကျတဲ့ပါးရိုးနေရာမှာ လုပ်နိုင်ဖို့ ခဲတံသုံးပေးပါ

ခဲတံ၊ ဘောပင်ဒါမှမဟုတ် ဘရပ်ရှ်တံကို သုံးပြီး ပါးရိုးချနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်က မျက်နှာပုံစံမတူနိုင်ပါဘူး။ သင့်ပါးရိုးပုံအတိအကျသိဖို့ ဘရပ်ရှ်နဲ့ ပုံဖော်ခြယ်နိုင်ပါတယ်။ တိကျတဲ့နေရာကိုသိတာနဲ့ Bronzer သုံးလို့ရပါပြီ။

၁၆။ အဆီပြန်တဲ့မျက်နှာအတွက် အရေးပေါ် အိမ်သာတစ်ရှူးကိုသုံးနိုင်ပါတယ်

ဒီလိုပြောလိုက်လို့ ရွံစရာကြီးလို့ပြောချင်စရာပါ။ ဒါပေမဲ့ ဒီတစ်ရှူးက သင့်မျက်နှာအဆီကိုစုပ်နိုင်ပါတယ်။ ဒါကြောင့် အပြင်ရောက်နေတဲ့အချိန် မျက်နှာအဆီပြန်လာရင် အိမ်သာထဲပြေးပြီး တစ်ရှူးအမြန်ယူလိုက်ပါနော်။ သင့်ဆီမှာကော မိတ်ကပ်လိမ်းတာနဲ့ ပတ်သက်ပြီး ပိုလွယ်ကူစေမယ့်နည်းလမ်းတွေ ဘာတွေရှိလဲ။ Comment ပေးသွားပါဦးနော်။

Source: Cosmopolitan.com

By MyStyle Myanmar