မင်္ဂလာပါ ပျိုမေလေးတို့ရေ… အလုပ်တွေ များလွန်းလို့ ကိုယ့်ရဲ့အလှအပအတွက် အချိန်မပေးနိုင်ဖြစ်နေလို့ စိတ်ညစ်နေပါသလား။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို သိပြီးသွားရင်တော့ ဘယ်လောက်ပဲအလုပ်များများ လှလှပပလေးနဲ့ အလုပ်များနေမှာပါနော်။

မိတ်ကပ်ဖျက်ဆေးကို အိပ်ရာဘေးနား ထားထားပါ

ညဘက်အိပ်ရာ မဝင်ခင်မှာ မိတ်ကပ်ဖျက်ရမှာ ပျင်းတဲ့ ပျိုမေလေးတို့အတွက် ဒီလို မိတ်ကပ်ဖျက်ဆေးကို အိပ်ရာဘေးနား ထားထားမယ်ဆိုရင် မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်မိတဲ့ အကျင့်ဆိုးကနေ ကင်းဝေးသွားပါလိမ့်မယ်။

လက်သည်းရှည်လာလို့ လက်သည်းနီက နေရာလွတ်သွားတဲ့အခါ

လက်သည်းရှည်ထွက်လာတဲ့နေရာနားကို အလက်လက်လေးတွေ ကပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့လက်သည်းနီက ကြည့်ရဆိုးတော့မှာ မဟုတ်ပါဘူး။

Moisturizer တွေ တိုနာတွေ ခြောက်ဖို့စောင့်ရတာ စိတ်မရှည်ဘူးဆိုရင်

ဆံပင်လေမှုတ်စက်ကို မီးအားအပျော့စားနဲ့ ခြောက်အောင် မှုတ်ပေးလိုက်မယ်ဆိုရင် မိတ်ကပ်ခြောက်သွားဖို့အတွက် အချိန်အကြာကြီး စောင့်နေစရာ မလိုတော့ဘူးပေါ့။

နှုတ်ခမ်းနီ တစ်ချောင်းတည်းရှိရုံနဲ့ ပြီးပြည့်စုံနေပါပြီ

နှုတ်ခမ်းနီကို ပါးရိုးနဲ့ မျက်ခွံပေါ်မှာ လိမ်းပေးပြီးတဲ့နောက် အသာအယာ Blend လုပ်ပေးလိုက်ခြင်းအားဖြင့် သဘာဝအတိုင်း လှပနေတဲ့ အလှပိုင်ရှင်လေး ဖြစ်နိုင်ပါတယ်။

ပါးရိုးဖော်ချင်သူများအတွက်

အင်္ဂလိပ်ဂဏန်း “3” ကိုသာ မှတ်ထားလိုက်ပါ။ ပုံပါအတိုင်း မျက်ခုံးရိုးပေါ်ကနေ နှာခေါင်းရိုး ထိုမှတဆင့် ပါးပေါ်သို့ အင်္ဂလိပ်ဂဏန်း “3” ကို ဆွဲထားလိုက်ပါ။ တစ်ဖန် ထိုအရောင်ထက် ပိုရင့်တဲ့ အညိုရောင်ကို နဖူးပေါ်ကနေ ပါးရိုး ထိုမှတဆင့် မေးရိုးအထိ ဆွဲချလိုက်ပါ။ ပြီးရင်တော့ အသာအယာ Blend လုပ်ပေးလိုက်ခြင်းအားဖြင့် မေးရိုးလေးက ပေါ်လွင်နေမှာပဲဖြစ်ပါတယ်။

အိုင်းလိုင်နာကုတ်သွားတဲ့အခါ

မာစကာရာရဲ့မှင်ရည်ကို အနည်းငယ် ယူသုံးလိုက်ခြင်းအားဖြင့် လှပတဲ့ မျက်ဝန်းတစ်စုံကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

ဆံပင်အရှေ့ခြမ်းက အဆီပြန်သလို စေးကပ်ကပ်ကြီး ဖြစ်နေတဲ့အခါ

အရင်ဦးဆုံး ဆံပင်ကို မြှင့်မြှင့်စည်းထားလိုက်ပါ။ အဆီပြန်နေတဲ့နေရာကိုတော့ မစည်းဘဲ ချန်ထားခဲ့ပါ။ ပြီးရင်တော့ ထိုဆံပင်ကို ဘေစင်ကို လျှော်ပေးလိုက်မယ်ဆိုရင် ရသွားပါပြီ။ အလုပ်ရှုပ်တဲ့နေ့မျိုးမှာ အမှန်တကယ်အသုံးတည့်တဲ့နည်းလမ်းလေးတစ်ခုပါပဲ။

ဆံပင်အောက်ဖျားပိုင်းမှာ ပြေပြေလေး ကောက်ချင်နေသူများအတွက်

ညအိပ်ရာဝင်ခါနီးမှာ ဆံပင်အောက်ဖျားပိုင်းကို ဖွဖွလေးထုံးကာ ကလစ်ဖြင့် ညှပ်ထားလိုက်ပါ။ မနက်နိုးလာတဲ့အခါ ဖြေချလိုက်မယ်ဆိုရင် ပြေပြေလေးကောက်နေတဲ့ ဆံပင်စတိုင်လ်လှလှလေး ထွက်လာပါလိမ့်မယ်။

နောက်နည်းလမ်းတစ်မျိုးကတော့ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ဆံပင်ကို ထုံးထားလိုက်ပါ။ ထို့နောက် ဆံပင်လေမှုတ်စက်ဖြင့် မှုတ်ပေးလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ ဖြန့်ချလိုက်ပါ။ ဒါဆိုရင် လှိုင်းတွန်းပုံသဏ္ဍာန် ကောက်နေတဲ့ ဆံပင်ပုံစံလေး ရသွားပါလိမ့်မယ်။

နောက်တစ်နည်းကတော့ ညအိပ်ရာမဝင်ခင် ကျစ်ဆံမြီးကျစ်ပေးရမယ့် နည်းလမ်းလေးပါပဲ။ မနက်နိုးလာပြီဆိုရင်တော့ လှိုင်းတွန်းပုံသဏ္ဍာန် လှပနေတဲ့ ဆံပင်လေး ရရှိသွားပါလိမ့်မယ်။

Source: Cosmopolitan.com

By MyStyle Myanmar