သင်က ပိန်တာကြောင့် ခန္ဓာကိုယ်က Hourglass ပုံစံ မဖြစ်ဘဲ တစ်တန်းတည်းဖြစ်နေတယ်ဆိုရင်တော့ သင့်လိုပဲတခြားမိန်းကလေးများစွာ ရှိပါတယ်။ ဒီထဲမှာ ITZY အဖွဲ့ဝင် Lia လည်းပါဝင်ပါတယ်။ သူမက ITZY အဖွဲ့ရဲ့ Main Vocalist တစ်ဦးဖြစ်ပါတယ်။ Lia က ပိန်ပိန်ပါးပါးနဲ့ ပြုံးလိုက်ရင် ချစ်ဖို့ကောင်းသူတစ်ဦး ဖြစ်ပါတယ်။ ဒီတော့ခန္ဓာကိုယ် တစ်ဖြောင့်တည်း သွားတဲ့ မိန်းကလေးတွေ Lia ဆီက နမူနာ ယူနိုင်ဖို့ သူမရဲ့ ဝတ်ဆင်ပုံတွေကို ကြည့်လိုက်ရအောင်နော်-

ခါးတစ်ဖြောင့်တည်းသွားတဲ့ မိန်းကလေးတွေအတွက် အဖော်မွန်ကတော့ စကတ်ဂါဝန်ပါ။ ပေါင်တံကို ဖော်ပြပြီးတင်ဘေးနေရာကားနေတာကြောင့် သင်ဝတ်လိုက်တဲ့အချိန် Lia လို ချစ်ဖို့ကောင်းနေမှာပါ။

ခန္ဓာကိုယ်ကောက်ကြောင်းကို ဖော်ပြစရာမလိုတဲ့ လက်ရှည်အပွတွေက သင့်ကို လူငယ်ဆန်ဆန် လှနေစေမှာပါ။

အသားပေါ်နေမှ လှတာ မဟုတ်ဘဲ လုံလုံခြုံခြုံဝတ်လည်း လှနေတယ်ဆိုတာကို Lia က သက်သေပြနေပါတယ်။

ရှပ်အင်္ကျီအပွက သင့်ကို ပိုပိန်တယ်လို့ ထင်ရစေပြီး ပေါ့ပေါ့ပါးပါးနဲ့ လှနေစေပါတယ်။

ခါးနေရာကို သိပ်အသားမပေးတဲ့ အင်္ကျီလက်ပြတ်တွေ၊ လက်မောင်းဖော်ပြတဲ့ Off Shoulder တွေက သင့်ကိုမိန်းကလေးဆန်ဆန် လှနေစေမှာပါ။

သင်က Crop ခါးတို ဝတ်မယ်ဆိုရင် Lia လို Accessories များများဆင်သင့်ပါတယ်။ အပေါ် အင်္ကျီ ကိုမှရှုပ်ရှုပ်ယှက်ယှက် လုပ်ထားတာ၊ ဆွဲကြိုး နဲ့ ခါးပတ်တွေက သင့်ကို အထာကျနေစေမှာပါ။

နောက်ဆုံးလိုအပ်တာကတော့ Lia လိုအပြုံးချိုချိုလေး ပြုံးဖို့ပါပဲ။ ပြုံးနေတဲ့ မိန်းကလေးတွေရဲ့ အလှက ဘယ်အရာနဲ့မှ ယှဉ်လို့မရအောင် လှတာပါနော်။

Photo Source: Pinterest

By MyStyle Myanmar