သင့်ရဲ့လှပမှုကို ပိုပြီးကောင်းမွန်လာအေင်လို့ ထိန်းသိမ်းမှုပြုလုပ်ရာမှာ တကယ်မှန်ကန်သင့်တော်ပြီး ကိုယ့်အတွက်လည်း အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကုန်ရကျိုးလည်းနပ်ပြီးတော့ ကိုယ့်အတွက်လည်း ရေရှည်စွဲသုံးလို့ အဆင်ပြေမှာမဟုတ်ပါလား။

အခုတစ်ခါမှာတော့ ဆံသားအတွက်၊ အသားအရေ၊ မိတ်ကပ် စတာတွေအတွက် တကယ်ကိုအသုံးဝင်ပြီး ကောင်းမွန်တဲ့ အလှကုန်ပစ္စည်းများ ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီးတော့ ဝယ်သုံးပြီး ကိုယ်ကိုယ်တိုင် ဒီပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း အလုပ်လုပ်လဲဆိုတာ ကြည့်လိုက်ပါ။

ဒီ Detangle ဘီးလေးက လူကြီးတွေအတွက်သာမက ကလေးတွေအတွက်ပါ အသုံးဝင်သလို ဖြောင့်ဖြောင့် ကောက်ကောက် ဆံသားမရွေး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ခေါင်းဖြီးတိုင်း အများကြီးကျွတ်တာကနေ တစ်ဖြေးဖြေး ဆံပင်ကျွတ်နှုန်း လျော့နည်းလာစေနိုင်ပါတယ်။

ဘီးအစိတ်လေးတွေကလ ဖြီးလိုက်ရင်ဦးရေပြားကို မနာဘဲ အိအိလေးနဲ့ ဖီးလို့ကောင်းစေပါတယ်။ ဆံပင်ကောက်ထားတဲ့သူတွေ ဆံသားငြိပီး ရှင်းရခက်တဲ့သူတွေတွက်ဆို အလွယ်တကူ ဆံပင်ကျွတ်သက်သာပြီး ဆံပင်အလွယ်တကူရှင်းပေးတယ်။

တစ်ချောင်းဝယ်ဆိုးကြည့်ပြီးတာနဲ့ နောက်ထပ်အရောင်တွေလည်း ထပ်ဝယ်ပြီး စုဆောင်းချင်လောက်တဲ့အထိ ဖြစ်သွားစေနိုင်တဲ့ ဒီနှုတ်ခမ်းနီက အရမ်းကို Long Lasting ဖြစ်ပြီး Waterproof, Smudge proof, Transfer proof ဖြစ်တာကြောင့် Mask ထပ်လဲ mask မှာ ပေတာမျိုးမရှိဘဲ တစ်နေကုန်ခံပါတယ်။ 

Matte Type ဖြစ်ပေမယ့် ဆိုးထားရင်ပေါ့ပေါ့ပါးပါးနဲ့ နှုတ်ခမ်းပေါ်မှာ ကွက်တာ၊ နှုတ်ခမ်းခြောက်ပြီး ကွဲတာမျိုးတွေလဲမဖြစ်ပါဘူး။

Arvazallia တံဆိပ်နဲ့ Hydrating Argan oil mask က ခြောက်သွေ့ပြီးပျက်စီးနေတဲ့ ဆံသားကို ထိထိရောက်ရောက် အစိုဓာတ်ဖြည့်တင်းပေးနိုင်လို့ ခေါင်းလျှော်ပြီးတဲ့အခါမှာ ပျော့ပျောင်းနူးညံ့နေစေမှာဖြစ်ပါတယ်။

ဆံသားကိုလည်း တင်းတင်းရင်းရင်းရှိစေလို့ အလွယ်တကူ ကျိုးကြေတာမျိုးတွေလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။

လူသိများတဲ့ Brand တစ်ခုဖြစ်တဲ့ NYX ရဲ့ Micro Brow Pencil လေးက စာရေးသူလိုမျိုး မျက်ခုံးမွှေးပါးတဲ့သူတွေ ဆောင်ထားသင့်တဲ့ အလှကုန်ပစ္စည်းတစ်ခုပါ။ Color coat လုပ်လို့ရပြီး အရောင်မညီရင် သူ့မှာပါတဲ့ brush လေးနဲ့ ညှိပေးရုံံံနဲ့ ထူသလိုမျိုးလေးဖြစ်စေမှာပါ။ 

Waterproof လေးလဲဖြစ်လို့ ရေစို ချွေးစိုလို့ ပျက်သွားမှာ စိတ်မပူရပါဘူး။

မျက်ကွင်းညိုခြင်း ၊ မျက်ကွင်းရောင်ရမ်းခြင်း၊ မျက်အိတ်ဖောင်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာတွေကို လျှော့ချဖို့ CeraVe Eye Repair Cream ကို ရွေးချယ်နိုင်ပါတယ်။

Non-comedogenic နှင့် အနံ့မပါမဝင်ဘဲ eye creamhyaluronic acid၊ niacinamide နှင့် Marine & Botanical Complex တို့ကို MVE နည်းပညာနဲ့ထုတ်လုပ်ထားလို့ တစ်နေကုန် အဆီပြန်ခြင်းကင်းစွာနဲ့ ရေဓာတ်ဖြည့်တင်းနေစေပါတယ်။

Cetaphil Cleanser က အရေပြားဆရာဝန်တွေအရမ်းညွှန်းပြီး Sensitive skin တွေပါ စိတ်ချရတဲ့ Best Seller Cleanser ဖြစ်ပါတယ်။ ဝက်ခြံယောင်ယမ်းခြင်း အဆီပြန် အဆီဖုထွက်ခြင်း ရေဓာတ်ခမ်းခြောက်ခြင်း အသားရေခြောက်သွေ့ခြင်း စတဲ့ ပြသနာတွေကို ဖြေရှင်းပေးပါတယ်။

ဝက်ခြံတွေအရမ်းထွက်ပြီး ရောင်ရမ်းနေသူတွေအတွက်ဆို မရှိမဖြစ် cleanser လေးပါ။

အရေပြားဆရာဝန်တွေ tested လုပ်ပြီး ထုတ်လုပ်ထားတဲ့ CeraVe Night Cream လေးက Skin Barrier အတွက်ကို အထောက်အကူပြုပြီး အသားအရေကို တင်းရင်း စိုပြေစေပါတယ်။

အသားအရေ ကြမ်းခြောက်တာတွေကို ချောမွတ်စေပြီး Tired skin cells တွေကို ညအိပ်ချိန်မှာ အသစ်ပြန်လည်ဖန်တီးပေးပါတယ်။