ဟားဗတ်တက္ကသိုလ်က သုတေသနပြုချက်အရ အမျိုးသမီး ၆၀ % ဟာ အိပ်ရေး၀၀ မအိပ်ကြရပါဘူးတဲ့။ ပြီးတော့ ကိုယ့်အမျိုးသားက အိပ်မောကျလို့ ဟောက်နေတဲ့သံကြောင့် ပိုပြီး အိပ်ရေးပျက်ကြပါတယ်။

လက်ထပ်ပြီး အမျိုးသမီးတွေဆို ပိုသိကြမှာပါ။ ကိုယ်နဲ့သူ အတူတူအိပ်တာချင်းတူပေမဲ့ အမျိုးသားက တခူးခူးနဲ့ အရင်အိပ်ပျော်သွားလေ့ရှိပါတယ်။ အမျိုးသမီးတွေ အိပ်လို့ မပျော်ရတဲ့ အကြောင်းရင်ကို ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးတွေဟာအမျိုးသားတွေထက် စောစောအိပ်မေကျဖို့ခက်ပေမဲ့ စောစော အိပ်ယာနိုးတတ်ကြပါတယ်။

ဟော်မုန်းဓါတ်ကြောင့်

မိန်းကလေးတွေရဲ့ ဖွဲ့စည်းပုံ ဟော်မုန်းကြောင့်ပါ။ ဥပမာ ဓမ္မတာလာတဲ့အချိန် ကိုယ်ဝန်ဆောင်တဲ့အချိန် စသဖြင့် ဟော်မုန်းအပြောင်းလဲ ကာလမှာဆိုရင် အိပ်မပျော်ကြပါဘူး။

စိုးရိမ်ပူပန်ခြင်း

သုတေသနပြုချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ကို ဆတ်ဆတ်ထိမခံဘူးလို့ ဆိုပါတယ်။

ဒါဟာ အားနည်းတယ် စိတ်ပျော့တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

အမျိုးသားတွေထက် ဦးနှောက်ပိုပြီး အသုံးပြုကြတယ်

သုတသနပြုချက်အရ အမျိုးသမီးတွေက အိပ်ချိန်ပိုလိုအပ်ပါတယ်။ သူတို့ရဲ့ ဦးနှောက်ကို ပိုပြီး အသုံးပြုရလို့ပါ။ ကဲကိုယ့်ရဲ့ချစ်ဇနီးကို အိပ်ချိန်ပိုပေးလိုက်ရအောင်။

အိမ်ရှင်မ ၇၄ % က အိပ်မပျော်ကြဘူး

ဟော်မုန်းအပြောင်းအလဲကြောင့်လည်းပါပါတယ်။ အထူးသဖြင့် အိမ်ရှင်မတွေက အိပ်မပျော်တဲ့ ရောဂါတစ်ခု စွဲကပ်နေတတ်ပါတယ်။ အမျိုးသားတွေနဲ့ ယှဉ်ရင် တော်ရုံနဲ့ အိပ်မပျော်တတ်ပါဘူး။ မနက်ဆို မိသားစုအတွက် ချက်ပြုတ်ရဦးမယ်ဆိုတဲ့စိတ်နဲ့ အစောကြီး နိုးနိုးနေတတ်ပါတယ်။

အိပ်မပျော်ခြင်းရဲ့ ဆိုးကျိုးများ

ကဲ အိမ်ထောင်ရှင်အမျိုးသားတို့ရေ။ ကိုယ့်ချစ်ဇနီးလေး အိပ်မပျော်ဖြစ်နေတာဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အိပ်ချိန်နည်းတာဟာ သက်လတ်ပိုင်းအရွယ်မှာတင် နှလုံးရောဂါ ဖြစ်နိုင်ချေများပါတယ်။ ဒါ့အပြင် အသားအရေ အိုမင်းရင့်ရော်လာတာ သွေးခဲလာတာ ဆီးချို နဲ့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့ရဲ့ စိတ်ခံစားမှုက ထစ်ခနဲ့ဆို ဒေါသထွက်ပြီး အလိုမကျဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်ဇနီး အိပ်ရေး၀၀အိပ်ပါစေ။