အဆီပိုမရှိဘဲ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ချင်တဲ့ ပျိုမေလေးများအတွက် ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ဝိတ်ကျသွားစေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက အရမ်းကြီး မခက်ခဲတာကြောင့် မိမိအိမ်မှာ အလွယ်တကူ လိုက်လုပ်နိုင်ပါတယ်။

ဘယ်လိုနည်းလမ်းကောင်းလေးတွေကို လိုက်နာပြုလုပ်ရမလဲဆိုတော့ …

လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ

ကိုယ်အလေးချိန် ကျချင်သူများအတွက် လေ့ကျင့်ခန်းကတော့ မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ နီးနီးနားနားနေရာတွေကို ကားစီးမယ့်အစား လမ်းလျှောက်သွားပါ။ ဓာတ်လှေကားနဲ့ တက်မယ့်အစား ရိုးရိုးလှေကားအသုံးပြုခြင်းကလည်း ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားနိုင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ များများစားသုံးပါ

High Fiber Fruits

အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများက အချိန်အကြာကြီး ဗိုက်ပြည့်နေစေမှာဖြစ်ပြီး အစား အလွန်အကျွံစားချင်စိတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ရေ များများသောက်ပါ

ရေသောက်ခြင်းက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ကောင်းကျိုးအမြောက်အမြား ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ရေသောက်ခြင်းကြောင့် ရေဓာတ်ပြည့်ဝစေရုံသာမကဘဲ ဗိုက်ဆာခြင်းကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါ့အပြင် ထမင်း စားခါနီးမှာ ရေတစ်ခွက် အဝသောက်ခြင်းအားဖြင့် အစား အလွန်အကျွံ မစားမိအောင် ထိန်းပေးထားနိုင်ပါတယ်။

သစ်သီးဝလံများများ စားသုံးပါ

နေ့လည်နေ့ခင်းဗိုက်ဆာတဲ့အချိန်မှာ အာဟာရမပြည့်ဝတဲ့ မုန့်ပဲသွားရေစာများ စားသုံးမယ့်အစား သစ်သီးဝလံများများ စားသုံးပေးလိုက်ပါ။ သစ်သီးဝလံများမှာ ကယ်လိုရီဓာတ်များ မပါဝင်တဲ့အတွက်ကြောင့် အဝမလွန်လာအောင် ထိန်းထားပေးနိုင်ပါတယ်။

ဒီနည်းလမ်းများကို နေ့စဉ်ပြုလုပ်မယ်ဆိုရင် တစ်လကြာတဲ့အခါမှာတော့ သင့်ခန္ဓာကိုယ်ရှိ အဆီပိုများ ပျောက်ကွယ်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်။

Source: Brightside.me