ပျိုမေလေးတို့ရေ… လက်သည်းနီ ဆိုးရတာ ဝါသနာပါကြလား။ ကိုယ်ဆိုးထားတဲ့ လက်သည်းနီအရောင်ပေါ် မူတည်ပြီးတော့ ပျိုမေလေးတို့ရဲ့အကြောင်းကို ပြောပြပေးနိုင်တယ်ဆိုတာကိုရော ယုံကြည်ပါသလား။

လက်သည်းနီဆိုးခြင်းက အလွယ်ကူဆုံး လက်သည်းအလှဆင်နည်းတစ်မျိုးဖြစ်ပြီး ခေတ်ရေစီးကြောင်းပေါ် မူတည်ပြီး ဒီဇိုင်းအမျိုးမျိုးပုံဖော်ကာ အလှဆင်နိုင်ပါတယ်။ မျက်လုံးက စိတ်ရဲ့ ပြတင်းပေါက်ဆိုသလိုပဲ လက်သည်းနီအရောင်ကလည်း ပျိုမေတို့ရဲ့စိတ်နေစိတ်ထားကို ဖော်ပြပေးနိုင်ပါတယ်။

အနီရောင်

လက်သည်းအနီရောင်ဆိုးထားတဲ့ ပျိုမေလေးတွေကတော့ စိတ်ခံစားချက်ပြင်းထန်သူများဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်ှုရှိပြီး ရဲရင့်ပြတ်သားပါတယ်။ ရန်လိုစိတ်အနည်းငယ်ရှိတာကတော့ အားနည်းချက်ပဲဖြစ်ပါတယ်။

ပန်းရောင်

လက်သည်းနီပန်းရောင် ဆိုးထားတဲ့ ပျိုမေလေးတွေကတော့ စိတ်နှလုံး နူးညံ့သူများဖြစ်ပြီး ပျော်ရွှင်မှုကို လိုလားသူများဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံနှုန်းတွေကိုလည်း စိတ်မဝင်စားကြသူများ ဖြစ်ပါတယ်။ တကယ်လို့ သင်က ပန်းဖျော့ရောင် လက်သည်းနီဆိုးထားတယ်ဆိုရင်တော့ ရည်မှန်းချက်ကြီးတဲ့သူပဲဖြစ်ပါတယ်။

လိမ္မော်ရောင်

သင့်မှာ လိမ္မော်ရောင် လက်သည်းနီ ရှိတယ်ဆိုရင်တော့ သင်က နွေးထွေးသူဖြစ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်း ရှိပါတယ်။ အခြားသူများရဲ့မိမိအပေါ် အမြင်ကို ဂရုစိုက်လေ့မရှိဘဲ ပျော်ပျော်နေတတ်သူတစ်ယောက်ပါ။

ခရမ်းရောင်

သင်က ခရမ်းရောင် လက်သည်းနီ ဆိုးရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်မှာ တီထွင်ကြံဆနိုင်စွမ်းရှိပြီး လျှို့ဝှက်တတ်ကြပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိသူများ ဖြစ်ပါတယ်။

အပြာရောင်

လက်သည်းနီအပြာရောင်ဆိုးတတ်သူများကတော့ ပွင့်ပွင့်လင်းလင်းသမားများဖြစ်ပြီး ဖော်ရွေပျူငှာတတ်ကြပါတယ်။ အပြာရောင်က ငြိမ်းချမ်းမှုကို ဖော်ညွှန်းတဲ့အတွက်ကြောင့် သင့်သည်လည်း ငြိမ်းချမ်းမှုကို လိုလားတစ်ယောက်ဖြစ်ပါတယ်။

အမဲရောင်

လက်သည်းနီအမဲရောင်ကို နှစ်သက်သူတွေကတော့ လေးလေးနက်နက်သမားတွေဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှုဆိုင်ရာမှာလည်း အများနဲ့မတူဘဲ ကြံကြံဖန်ဖန်တွေးခေါ်တတ်သူတွေဖြစ်ပါတယ်။

နီယွန်

နီယွန်လက်သည်းနီပိုင်ရှင်များကတော့ လူအများရဲ့အာရုံစိုက်မှုကို လိုလားကြသူများဖြစ်ပြီး မိမိက ထိုကဲ့သို့ လိုလားတဲ့စိတ်ကို ဖော်ပြရမှာလည်း ရဲရဲဝံ့ဝံ့ဖော်ပြတတ်ကြပါတယ်။ ထိုသူများက ကြောက်ရွံ့မှုကင်းပြီး သူစိမ်းများနဲ့ စကားပြောတဲ့အခါ ကိုယ်က စတင်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး။

သဘာဝ Nude အရောင်

ဒီလက်သည်းနီပိုင်ရှင်များကတော့ လှပကျော့ရှင်းမှုကို နှစ်သက်သူများဖြစ်ပြီး ဝါကြွားမှုမရှိဘဲ သိုသိုသိပ်သိပ်နေတတ်သူများဖြစ်ပါတယ်။

ပျိုမေလေးတို့ရဲ့အကြိုက်ဆုံး လက်သည်းနီအရောင်က ဘယ်အရောင်ဖြစ်မလဲ။ ပျိုမေလေးတို့ရဲ့စိတ်နေစိတ်ထားနဲ့ အခုဖော်ပြသွားတဲ့အချက်တွေက တိုက်ဆိုင်မှုရှိတယ်ဆိုရင် ကောမန့်ထဲမှာ ပြောပြသွားဦးနော်။

Source: Brightside.me