တချို့ မိန်းကလေးတွေဆိုရင် အိပ်မရတဲ့ ရောဂါ ရှိတာကြောင့် ဒါမှမဟုတ် အလုပ်မပြီးတာကြောင့် ဒါမှမဟုတ် ဇာတ်လမ်းကြည့်နေတာကြောင့် ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သောက်လိုက် စကားပြောလိုက် လုပ်နေတာကြောင့် စတဲ့ အကြောင်းကြောင်း ကြောင့် တစ်ညလုံး မအိပ်တာတွေ ရှိပါတယ်။ ဒီလို မအိပ်တဲ့နေ့တွေ့မှာ တချို့က သိပ်မသိသာပေမယ့် တချို့ကတော့ ခန္ဓာကိုယ်တွင်း ဆဲလ်ပြင်ဆင်မှု မရှိတော့တာကြောင့် မျက်နှာ၊ မျက်လုံး၊ ခန္ဓာကိုယ် လှုပ်ရှားမှု မူမမှန်တာတွေ ဖြစ်တတ်ပါတယ်။ Night Duty ဆင်းရတယ်ဆိုရင်တောင် နောက်နေ့ သွားစရာရှိရင် လှနေဖို့အတွက်ပါ ဖော်ပြပါ နည်းလမ်းတွေက အသုံးဝင်ပါလိမ့်မယ်။

၁။ နေရောင်ထိပေးပါ

နေရောင်မှာ Vitamin D ပါဝင်ပါတယ်။ နေရောင်ခြည် ထိပေးလိုက်တာနဲ့ ခန္ဓာကိုယ်က ပြန်လန်းလာပါလိမ့်မယ်။

၂။ ရေများများသောက်ပါ

ရေများများ သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲ ရေဓာတ်ပြည့်ဝကာ လန်းဆန်းလာပါလိမ့်မယ်။ ရေအေးသောက်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။

၃။ ပရိုတင်း များများစားပေးပါ

သကြားပါဝင်တဲ့ အချို မုန့်တွေက ခဏတာပဲ လန်းစေပါလိမ့်မယ်။ ပရိုတင်းများတဲ့ အစားအစာတွေကတော့ အိပ်ရေးပျက်ရင်တောင် အားရှိစေပါလိမ့်မယ်။

၄။ ရေအေးနဲ့ ရေချိုးပါ

မအိပ်တာကြောင့် ချက်ချင်းထကာ ရေအေးနဲ့ ရေချိုးပစ်သင့်ပါတယ်။ ရေအေးနဲ့ ချိုးရင် သင့်စိတ် ပြန်လန်းလာပါလိမ့်မယ်။

၅။ မျက်လုံးအတွက်

မျက်ကွင်းညိုတာ၊ မျက်အိတ် ဖောင်းတာတွေ သက်သာသွားဖို့ လက်ဖက်အိတ်နဲ့ မျက်လုံးအောက် ကပ်ပေးနိုင်ပါတယ်​။ လက်ဖက်အိတ် မရှိရင် Concealer နဲ့ ဖုံးနိုင်ပါတယ်။

၆။ နှုတ်ခမ်းနီတောက်တောက်လေး ဆိုးပါ

ပင်ပန်းနေတာ မသိသာအောင် နှုတ်ခမ်းနီ ဆိုးတဲ့အခါ သာမန်အချိန်ထက် ထင်းနေအောင် ဆိုးသင့်ပါတယ်​။

၇။ မနက်ပိုင်း ကော်ဖီ ချက်ချင်း မသောက်ပါနဲ့

မနက်ပိုင်း ခန္ဓာကိုယ်ထဲမှာ Cortisol က အလိုလို မြင့်နေတတ်ပါတယ်။ အချိန်အနည်းငယ်ကြာမှ ကော်ဖီသောက်နိုင်ပါတယ်။

၈။ သက်တောင့်သက်သာဖြစ်တာတွေ မဝတ်ပါနဲ့

အိပ်ချင်တာကြောင့် အင်္ကျီကို နွေးနွေးထွေးထွေး ဖြစ်လွန်းတာတွေ မဝတ်ဘဲ အရောင်ငြိမ်လေးတွေကို ပေါ့ပေါ့ပါးပါး ဝတ်သင့်ပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်ပါ

အိပ်ပျက်ထားတာကြောင့် ခက်ခဲတဲ့ Workout တွေ လုပ်စရာ မလိုပါဘူး​။ ခန္ဓာကိုယ် လန်းသွားဖို့ Yoga လေ့ကျင့်ခန်း၊ လွယ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရုံပါပဲ။

Source: Allwomanstalk

By MyStyle Myanmar