Lee Min Ho လို့ပြောလိုက်ရင် မြန်မာပြည်က K-Drama ချစ်သူတွေအားလုံးနဲ့ ရင်းနှီးပြီးသား ကြိုက်ပြီးသား သရုပ်ဆောင် မင်းသားတစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။

သူ့ကို စာရေးသူ Boy Over Flowers ဇာတ်လမ်းတွဲနဲ့ စပြီးသိခဲ့တာပါ။ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေရော ဇာတ်လမ်းတွဲတွေရော အများကြီးရိုက်ကူးလာခဲ့ရပြီး တကယ်ကို အောင်မြင်တဲ့ အကျော်အမော်တစ်ဦးဖြစ်နေပါပြီ။

Lee Min Ho ကို ၁၉၈၇ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က တောင်ကိုရီယားနိုင်ငံ Dongjak ခရိုင်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အရပ်အမြင့်ကတော့ ၁.၈၇ မီတာ (၆ပေ ၁ လက်မ ကျော်) ရှိပါတယ်။

အရပ်လည်းမြင့်သလို ဘော်ဒီလည်းအမိုက်စားဖြစ်တဲ့ Lee Min Ho ကို အားပေးတဲ့ မိန်းကလေးပရိသတ်တွေ အများကြီးရှိနေတာဟာမဆန်းပါဘူး။

ဒါ့အပြင် အကြည့်တွေလည်း ညှို့အားပြင်းပြီး သရုပ်ဆောင်ပိုင်းကလည်း ကျွမ်းကျင်တာကြောင့် ပျိုမေတို့ ကြွေရသူပါ။

ဖက်ရှင်ပိုင်းမှာလည်း ပြောစရာမလိုအောင် စတိုင်လ်ကျပြီးသားမို့ Lee Min Ho ရဲ့ ပရိသတ်တွေအတွက် သူဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source: Pinterest