အတိတ်က နာကျင်မှုတွေဟာ အခုလက်ရှိ ပစ္ဆုပ္ပာန်ဘဝကို အနှောင့်အယှက်ဖြစ်နေလား။ အတိတ်က နာကျင်မှုတွေ၊ အတိတ်ဆိုးတွေကြောင့် အိပ်မက်ဆိုး တစ်ခုလိုခြောက်လန့်နေလား။ တစ်ခုသိထားရမှာက အတိတ်ဆိုတာ ပြုပြင်ပြောင်းလဲပစ်လို့မရပါဘူး။ ဒါပေမယ့် အနာဂတ်ဆိုတာ ပြောင်းလဲလို့ရပါတယ်။ အဓိကအားဖြင့်တော့ သင့်ဘဝမှာ ပျော်ရွှင်လို့ရတယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ သင့်ရင်ထဲမှာ နာကျင်မှုတွေနဲ့ ပဲပြည့်နေရင်တော့ အတိတ်ရဲ့ လောင်းရိပ်ကနေ သင်လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။

အတိတ်ရဲ့ လောင်းရိပ်ကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါ

အတိတ်က နာကျင်မှုတွေဟာ ဒီအတိုင်း အလိုလိုပျေက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချပါ။ သင့်မှာ အတိတ်က နာကျင်မှုတွေကို ဖယ်ရှားပစ်ဖို့ အခွင့်အရေးရှိတယ်ဆိုတာကို သင်လက်ခံဖို့လိုပါတယ်။

ရင်ဖွင့်ပါ မေးခွန်းမေးကြည့်ပါ

သင်ခံစားနေရတဲ့ နာကျင်မှုကို သင်ယုံကြည်ရတဲ့ သူတစ်ယောက်ရှေ့မှာ ရင်ဖွင့်တာ (သို့) ဒါမှမဟုတ် ဒိုင်ယာယီမှာ ချရေးထားတာမျိုးလုပ်နိုင်ပါတယ်။ သင်ဘာကို နာကျင်နေရတာလဲ၊ ဘယ်သူက သင့်ကို နာကျင်စေတာလဲ။ အဲဒီလိုနာကျင်စေတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ ဆိုတာကို စဉ်းစားကြည့်ပါ။ ကိုယ်ကရော ဘာတွေမှားခဲ့သလဲ။ တခါတလေမှာ အတိတ်ကို တနုံ့နုံ့တွေးပြီး ငါ့ကို တောင်းပန်မှ ကျေနပ်နိုင်မယ်ဆိုတာမျိုး တွေးတတ်လေ့ရှိပါတယ်။ အဲဒီအတိတ်က သင့်အတွက် ဘာအကျိုးများရှိစေသလဲဆိုတာ တွေးကြည့်ပါ။

တခြားသူကို အပြစ်တင်တာ ရပ်လိုက်ပါတော့

ငါဒီလိုဖြစ်တာ သူ့ကြောင့်ဆိုပြီး တခြားသူကို အပြစ်တင်နေတာဟာ သင့်ဒဏ်ရာကို သက်သာစေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ကိုယ်သင် သနားစရာလူတစ်ယောက်လိုလို၊ တခြားသူကို အပြစ်တင်မျိုး မလုပ်ပါနဲ့တော့။ သင့်ပျော်ရွှင်မှုအတွက် သင့်မှာ ရွေးချယ်ခွင့်ရှိပါတယ်။

လက်ရှိကို အာရုံစိုက်ပြီး ပျော်ရွှင်အောင်နေပါ

လက်ရှိကာလကို အာရုံစိုက်ဖို့လိုပါတယ်။ ပြီးရင် အတိတ်ကို ခဏခဏပုံဖော်တွေးပြီးနေတာမျိုး မလုပ်တော့ဘဲ လက်ရှိပျော်အောင်နေပါ။ သင်ပျော်စေဖို့ ဘယ်သူမှ လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ကိုယ်သင်သာ လုပ်နိုင်မှာဖြစ်ပါတယ်။

တခြားသူကိုရော သင့်ကိုယ်သင်ပါ ခွင့်လွှတ်လိုက်ပါ

သင့်ကို နာကျင်အောင်လုပ်တဲ့သူတွေကို ခွင့်လွှတ်လိုက်ပါ။ သင်လည်း တခြားသူကို အဲဒီလိုလုပ်မိလို့ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ဘူးဖြစ်နေတာကိုလည်း မေ့လိုက်ပါ။