Eyeliner က မိန်းကလေးတိုင်းနဲ့ ရင်းနှီးကြမယ်ထင်ပါတယ်နော်။ အထွေးအထူး အလှမပြင်ဘူးဆိုရင်တောင် Liner လေးတော့ ဆိုးတတ်ကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ မျက်လုံးမှာ Eyeliner ဆိုးတာဟာ သင့်ကို ဘယ်တော့မှ Out of Date ဖြစ်မသွားစေသလို classic ဆန်ဆန်လှနေစေပါတယ်။

Liner ဆိုးတယ်ဆိုတာ တချို့သူတွေအတွက်တော့ ဘာမှမခက်ပေမယ့် မဆိုးတတ်တဲ့သူတွေလည်းရှိပါတယ်။ ကဲဒီတော့ အခုပဲပြောပြပေးမယ်နော်။

၁။ အရင်ဆုံး Primer သုံးပါ။

Liner မဆွဲခင်မှာ အရင်ဆုံး Eyeshadow ကို အသားရောင်၊ အဝါဖျော့ရောင်ပဲဖြစ်ဖြစ် သုံးပေးလိုက်ပါ။

၂။ Eyeliner စဆွဲပါမယ်

အရင်ဆုံး သင့်အပေါ်မျက်ခွံရဲ့အတွင်းပိုင်းလေးကနေ စပြီးလိမ်းပေးပါ။

၃။ အဆုံးနားမှာ အချွန်လေးတက်ဆွဲပါ

မျက်ခွံအဆုံးနားမှာ အပေါ်ကို နည်းနည်းတက်ပြီး ချွန်ချွန်လေးဆွဲပေးပါ။

ပြီးရင် မျက်ခွံဒေါင့်စွန်းနဲ့ အပေါ် Liner ဆုံးသွားတဲ့နေရာကို ဆက်ပေးလိုက်ပါ။

၄။ လိုက်ဖြည့်ပါ

ကျန်နေတဲ့ အကွက်နားနေရာလေးကို လိုင်နာ လိုက်ဖြည့်ပေးရပါမယ်။ ဒါဆိုရင်တော့ Liner ဆိုးတာ ပြီးပြည့်စုံသွားပါပြီနော်။