သင်က အခုနောက်ပိုင်း Kpop သီချင်းတွေနဲ့ ရင်းနှီးမယ်ဆိုရင် Le Sserafim အဖွဲ့ကို သိမှာပါ။ Le Sserafim ရဲ့ သီချင်းတိုင်းက မြူးကြွပြီး နားထောင်လို့ ကောင်းတဲ့အပြင် အဖွဲ့ဝင်တွေ အားလုံးက အလှတစ်မျိုးစီနဲ့ လှကြပါတယ်။ Le Sserafim အဖွဲ့ရဲ့ အောင်မြင်တဲ့ သီချင်းတွေကတော့- Fearless, Antifragile စတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Le Sserafim အဖွဲ့ဝင် တစ်ဦးချင်းစီ ဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို ဖော်ပြပါရစေ။

Kazuha

ဂျပန်မလေး Kazuha က အဖွဲ့ရဲ့ Visual တွေထဲက တစ်ဦးဖြစ်ပြီး ကြွက်သားနဲ့ ခါးသေးသေးလေးပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သူမက ဒီထဲမှာတော့ ကုတ်အနက် အရှည်နဲ့အတူ Short ကို စတိုင်မိမိ ဝတ်ထားပါတယ်။

ဂျင်းဘောင်းဘီရှည်နဲ့အတူ ဂျင်းအနွေးထည်ကို အထာကျကျ ဝတ်ထားတဲ့ သူမက ဘာဝတ်ဝတ် လှတယ်ဆိုတာ ငြင်းမရပါဘူး။

Sakura

Sakura က Trainee ကာလ ကြာခဲ့တဲ့ အလျောက် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှု ခံရသူဖြစ်ပါတယ်။ သူမက ခါးသေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သူတစ်ယောက်ပါ။

Kim Chae-won က အင်မတန် ကြိုးစားတဲ့ ကောင်မလေးဆိုပြီး ပြောစမှတ်ပြုရသူ တစ်ဦးဖြစ်ပါတယ်။ သူမက Iz*One အဖွဲ့ကနေ Le Sserafim အဖွဲ့ထဲ ရောက်ပြီးမှ သိသိသာသာ တိုးတက်မှု ခြေလှမ်းစိပ်စိပ်တွေကို လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမကလည်း ခါးသေးတာကြောင့် ဘာဝတ်ဝတ် လှနေလေ့ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ Yun-jin က ပေါ့ပေါ့ပါးပါး သဘာဝ ကျကျ ဝတ်ဆင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ သူမက တခြား အဖွဲ့ဝင်တွေလောက် ခါးမသွယ်ပေမယ့် သူ့စတိုင်နဲ့သူ အထာကျကျ ဝတ်တတ်သူ ဖြစ်ပါတယ်။

Le Sserafim အဖွဲ့ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်တဲ့ Eun-chae က ငယ်ရွယ်သူ ပီပီ ချစ်ဖို့ကောင်းလှပါတယ်။ သူမ ဝတ်တဲ့ ဖက်ရှင်စတိုင်တွေကလည်း ချစ်ဖို့ကောင်းလေ့ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar