Kpop ဖက်ရှင်ကို စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်တွေအားလုံး မင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေက Yunjin လို့သိကြတဲ့ အသက် ၂၁ နှစ်အရွယ် LE SSERAFIM အဖွဲ့ဝင် Kpop Idol မလေးရဲ့ အထာကျပြီး ဆွဲဆောင်မှုရှိတဲ့ဖက်ရှင်ပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။


Yunjin လေးရဲ့နာမည်အပြည့်အစုံက Huh Yunjin ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ LE SSERAFIM အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့သူူပါ။ သူမဟာ ကိုးရီးယားမှာမွေးပေမယ့် USA မှာ ကြီးပြင်းခဲ့သူမို့ ကပြားမလေးလို မျက်နှာပေါက်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ Jennifer လို့ခေါ်တဲ့ English နာမည်တစ်ခုရှိပြီး English စကားကိုလည်း ပိုင်ပိုင်နိုင်နိုင်ပြောတတ်သူတစ်ယောက်ပါ။


ငယ်စဉ်ကတည်းက အနုပညာပိုင်းဝါသနာပါခဲ့ပြီး အလယ်တန်းကစလို့ Opera သီဆိုခြင်းကို လေ့လာခဲ့ပါတယ်။ Opera ကို Professional အဆင့်သီဆိုနိုင်ပြီး Guitar နဲ့ Ukulele တူရိယာတွေကိုပါ တီးတတ်သူလေးပါ။


ငယ်ငယ်ရွယ်ရွယ်နဲ့ဂီတပိုင်းမှာထူးချွန်တဲ့ Yunjin ဟာ သူမရဲ့ Body အချိုးအစားနဲ့လိုက်ဖက်အောင် လွတ်လွတ်လပ်လပ်နဲ့ စတိုင်ကျကျဝတ်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ပေ့ါပေါ့ပါးပါးနဲ့ အထာကျတဲ့ဖက်ရှင်လေးတွေက လူငယ်ကောင်မလေးတိုင်းနဲ့ လိုက်ဖက်ပြီး အတုယူနိုင်မှာဖြစ်လို့ Yunjin ရဲ့ဖက်ရှင်လေးတွေကို ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar