အားလုံးပဲ မင်္ဂလာပါနော်။ ချပ်ရပ်ပြီး အဆီပိုမရှိ ကျစ်လျစ်နေတဲ့ ဗိုက်နဲ့ခါးအချိုးအစားတွေကိုတော့ ပျိုမေတိုင်း လိုချင်ကြမှာပါ။ ဒီလို ပြည့်စုံတဲ့ Body မျိုးက ခန္ဓာကိုယ်ကောက်ကြောင်းကို အမြဲဂရုစိုက်နေရတဲ့ အနုပညာရှင်တွေမှာ ရှိတတ်ကြတာများပါတယ်။ ဒီလိုအနုပညာရှင်တွေထဲမှာ Kpop အဖွဲ့ဖြစ်တဲ့ LE SSERAFIM အဖွဲ့ထဲက Kazuha ဆိုတဲ့ ဂျပန်မလေးကလည်း အပါအဝင်ပါပဲ။ နတ်သမီးလေးလို အပြစ်ကင်းတဲ့ အကြည်ဓာတ်မျက်နှာပေါက်လေးရှိတဲ့သူမကတော့ ကြွက်သားအမြှောင်းတွေပါ ထွက်နေတဲ့ အံ့သြစရာ ခန္ဓာကိုယ်အချိုးအစားကိုပါ ပိုင်ဆိုင်ထားသူပါ။


ပရိတ်သတ်တွေက သူမကိုကြည့်လိုက်ရင် အဆီပိုလုံးဝမရှိဘဲ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်အရမ်းလှတဲ့သူအဖြစ် သိကြပါတယ်။ သူမအနေနဲ့လည်း ဒီလိုခန္ဓာကိုယ်မျိုးရအောင် လေ့ကျင့်ခန်းလုပ်ရင်း ပြောင်းလဲထားသူမို့ သူမလုပ်တဲ့လေ့ကျင့်ခန်းတွေက ဗိုက်ချပ်ချင်သူတွေအတွက် တကယ်တမ်းထိရောက်ပြီး အသုံးဝင်မှာပါ။ ဒါကြောင့် ဗိုက်ချပ်ပြီး ကြွက်သားထွက်လာဖို့ Kazuha အမြဲလုပ်တတ်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


Reverse Crunch

ခါးဘေးနဲ့ ခါးအောက်ပိုင်းအဆီကျစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ယောဂဖျာပေါ် လဲှချကာ လက်နှစ်ဖက်ကို တင်ပါးအောက်ခံပြီး ခြေထောက်နှစ်ချောင်းကို အပေါ်မြှောက်တင်ပေးရမှာပါ။ ခြေထောက်နဲ့အတူ ခါးကိုပါ မပြီး ပင့်တင်ပေးပါ။ ကြမ်းပြင်နဲ့ထိခါနီးအနေအထားလောက် ခြေထောက်ပြန်ချပြီး ခုဏကအတိုင်း ပြန် မြှောက်ပေးရပါမယ်။ ဗိုက်ကြွက်သားတွေတင်းထားပြီး စက္ကန့် ၂၀ လောက် အတင်အချလုပ်ပေးရပါမယ်။

Scissor Kicks


ပုံပါအတိုင်း ယောဂဖျာပေါ် တံတောင်နှစ်ဖက်ထောက်ထားပြီး ဗိုက်ကြွက်သားတွေတင်းကာ ခြေထောက်နှစ်ချောင်းကို တစ်လှည့်စီ ခပ်သွက်သွက်လေး မြှောက်လိုက်ချလိုက်လုပ်ပေးပါ။ သူ့ကိုလည်း ခြေထောက်ချလိုက်တိုင်း ကြမ်းပြင်နဲ့မထိသွားအောင် ထိန်းထားဖို့လိုပါတယ်။ စက္ကန့် ၂၀ ပြည့်အောင် လုပ်ပေးပါ။

Leg Stretch


လှဲပြီး ဗိုက်ချပ်ကာ ခေါင်းကိုကြမ်းပြင်နဲ့မထိအောင် မ ထားပါ။ ခြေထောက်ဆန့်ထုတ်ပြီး အပေါ်မြှောက်လျက် ဒူးတစ်ဖက်ဆီကွေးပေးရပါမယ်။ ဒူးကွေးလိုက်တိုင်း လက်နဲ့ထိန်းပေးပါ။ သူ့ကိုလည်း စက္ကန့် ၂၀ ရအောင်လုပ်ပေးရပါမယ်။

Russian Twists


ခါးဘေးအဆီအတွက် အရမ်းထိရောက်တဲ့လေ့ကျင့်ခန်းလေးပါ။ ပုံမှာပြထားသလို ဗိုက်ကြွက်သားကို အားပြုထိုင်ကာ ဒူးကွေးလျက် ခြေထောက်မြှောက်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဟိုဘက်ဒီဘက်လိမ်ကာ လှည့်ပေးရမှာပါ။ ဒီပုံအတိုင်း စက္ကန့် ၂၀ လောက်ထိရအောင်လုပ်ပေးပါ။

Plank Twists


ဗိုက်ကြွက်သားအတွက် အရမ်းထိရောက်တာမို့ အနုပညာရှင်တော်တော်များများထည့်လုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ Plank ထောက်ထားပြီး ဟန်ချက်ထိန်းကာ တင်ပါးကို တစ်ဖက်စီ လှည့်ပေးရမှာပါ။ တံတောင်ကိုပဲ အားမပြုဘဲ ဗိုက်ကြွက်သားတွေနဲ့ပါထိန်းထားဖို့လိုပါတယ်။ သူ့ကိုလည်း စက္ကန့် ၂၀ ရအောင်လုပ်ပေးပါ။

Side Crunch


ခန္ဓာကိုယ်တစ်ဖက်စောင်းကာ တံတောင်နဲ့ခြေတစ်ဖက်ကို အားပြုပြီး ကျန်တဲ့ဖက်ကို Kazuha လုပ်သလို ခေါင်းမှာကပ်ထားတဲ့ လက်တံတောင်စွန်းနဲ့ ဒူးအစွန်းကို လှမ်းထိလိုက် ပြန်ချလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ဖက်စီအတွက် စက္ကန့် ၂၀ စီလုပ်ပေးဖို့လိုပါတယ်။

Photo Source: Pinterest, Youtube

By MyStyle Myanmar