အခုဆောင်းပါးလေးကို ကြည့်ပြီး ပြုံးလိုက်ပါ ရယ်လိုက်ပါနော်။ ကဲစာဖတ်သူတို့ရေ။ များများသာရယ်မောလိုက်ပါနော်။ ရယ်မောရတာ ပိုက်ဆံလည်းမပေးရသလို ဘယ်သူ့ကိုမှလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။ နေ့စဉ် ပြုံးခြင်း ရယ်မောခြင်းက သင့်အတွက် အကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။

တိုးတက်မှုအရှိန်နှုန်းမြင့်မားတဲ့ ခေတ်ကြီးမှာ ကမ္ဘာကြီးကို အမှီလိုက်ရင်း၊ ရုန်းကန်လှုပ်ရှားရင်းနဲ့ ဘဝမှာ ရယ်မောဖို့တောင်မေ့နေကြပြီလား။ စိတ်ဖိစီးမှုတွေကိုရှင်းထုတ်ပြီး ရယ်မောပစ်လိုက်ပါ။

Source: Sweety High

ရယ်တယ်ဆိုတဲ့နေရာမှာ ပြုံးပြီးရယ်တာနဲ့ တဟားဟားဆိုပြီး အသံထွက်ရယ်တာဆိုပြီး ၂ မျိုးှရှိတယ်နော်။ ရယ်လိုက်ရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အပျော်တွေကူးစက်စေပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

စိတ်ပညာအရ ရယ်မောလိုက်ရင် သင့်ရဲ့ ကျန်းမာရေးကိုရော တခြားသူတွေနဲ့ ဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ရယ်မောလိုက်တာဟာ စိတ်ခံစားမှုနဲ့လည်းဆက်စပ်နေလို့ ရယ်မောပေးဖို့ သိပ်ကိုအရေးကြီးလှပါတယ်။

စိတ်ဓာတ်ကျမှုကိုသက်သာစေပါတယ်။

ရယ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းက သွေးကြောတွေ၊ အာရုံကြောတွေ၊ ဟော်မုန်းဓာတ်တွေ ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ပေးပါတယ်။ စိုးရိမ်စိတ်တွေနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း။

Source: Organic Facts

စိတ်ဖိစီးတာဟာ ကျန်းမာရေးအတွက်လည်း မကောင်းသလို ကိုယခံအားစနစ်အတွက်လည်းမကောင်းပါဘူး။ စိတ်ဖိစီးမှုများရင် နှလုံးကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်နိုင်သလို သွေးဖိအားလည်းတက်လာစေပါတယ်။ ဒါ့ကြောင့် ရယ်မောပေးပါ။

ရယ်တဲ့သူတွေဟာ တီထွင်မှုစွမ်းရည် ပိုကောင်းတယ်။

ရယ်လိုက်တဲ့အခါ Catecholamine ဆိုတဲ့ဓာတ်ကိုထုတ်ပေးပြီး အဲဒီဓယတ်က ဦးနှောက်တီထွင်မှု စွမ်းရည်ကို ကောင်းမွန်စေပါတယ်။

အခုဆောင်းပါးလေးကိုဖတ်ပြီး စာဖတ်သူတို့လည်း ဒီထက်ပြုံးနိုင် ပျော်နိုင်ကြပါစေနော်။