မင်္ဂလာပါ… ပျိုမဒီတို့ရေ…. မိတ်ကပ်လိမ်းတာက အကောင်းဆုံးပုံစံကိုပေးတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး၊ ဒါပေမယ့် အပြစ်အနာအဆာကင်းတဲ့ သဘာဝကျကျပုံစံကိုကော သင်မလိုချင်ဘူးလား ? မိတ်ကပ်နဲ့ဘဲဖြစ်ဖြစ် သဘာဝအတိုင်းပဲဖြစ်ဖြစ် အရေးကြီးဆုံးကတော့ တောက်ပတဲ့ အသွင်အပြင်ရှိဖို့ပါပဲ။

တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ သဘာဝပစ္စည်းတွေက ကူညီပေးနိုင်ပါတယ်။ အချိန်ခနလေးပေးရုံနဲ့ တောက်ပတဲ့အသားအရေကို‌ Instant Glow Face Pack က ပေးစွမ်းနိုင်ပါတယ်။

Papaya and Banana Fruit Mask

အဆီပြန်တဲ့ အသားအရေ ရှိသူတွေ မျက်နှာကို ချက်ခြင်း တောက်ပြောင်စေဖို့အတွက်ဆို သင်္ဘောသီးနဲ့ ငှက်ပျောသီးက အများကြီးကူညီပေးပါတယ်။ သင်္ဘောသီးဟာ အရေပြားပေါ်ရှိတဲ့ အမည်းစက်များကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

Papaya and Banana Fruit Mask ကပရိုတင်းဓာတ်တွေနဲ့အတူ မျက်နှာပေါ်က ဆဲလ်သေများကို ဖယ်ရှားပေးတဲ့အပြင် အသားအရေကို ပြန်လည်နုပျိုစေပြီး ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။

ငှက်ပျောသီးမှည့်နဲ့ သင်္ဘောသီးမှည့် အနည်းငယ်ကို ယူပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ကြိတ်ချေလို်က်ပါ။ ရိုးရိုးရေနဲ့ မျက်နှာကိုသစ်လိုက်ပါ။ Mask ကို လည်ပင်းနှင့် မျက်နှာပေါ်တွင် အညီအမျှ လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။
မျက်နှာပေါ်မှာ မိနစ် 20 ခန့်ထားပြီးရင် မျက်နှာကို ရေအေးနဲ့ဆေးကြောပြီး သန့်ရှင်းပြီး နူးညံ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေးပါ။

Strawberry and Butter Face Pack

ပျက်စီးပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ဒီ Face Pack က အကောင်းဆုံးပါ။ အလတ်စား စတော်ဘယ်ရီသီးနှစ်လုံးနဲ့ ထောပတ်အနည်းငယ်ကို ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းပေါ်မှာ ထူထူလေး လိမ်းပေးပါ။
ပူပြီးစိုနေတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် ထားပြီး မျက်နှာကိုအပူပေးပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ဆေးချပြီး moisturizer အနည်းငယ်လိမ်းပေးပါ။

3. Tomato with Avocado Face Pack

Combination အသားအရေပိုင်ရှင်များအတွက် အသင့်တော်ဆုံးက Tomato with Avocado Face Pack ပါ။ ထောပတ်သီးမှာ ဗီတာမင် E နဲ့ ဗီတာမင် C ပါ၀င်တာကြောင့် ကျန်းမာတဲ့အသားအရေကို အာဟာရဖြည့်ပေးပြီး ကြည်လင်တောက်ပတဲ့အသားအရေကို ရရှိစေမှာပါ။

ခရမ်းချဉ်သီး ၁ လုံး သို့မဟုတ် ၂ လုံး နဲ့ ထောပတ်သီး ၁ လုံးယူပါ။ ခရမ်းချဉ်သီးကို အခွံနွှာ ထောင်းပြီး ထောပတ်သီးနဲ့ရောမွှေပေးပါ။ မျက်နှာနဲ့ လည်ပင်းကို ညီညီညာညာ လိမ်းပြီး မျက်နှာပေါ် ၁၅မိနစ်လောက် ထားလိုက်ပါ။ ပြီးမှ ပုံမှန်ရေနဲ့ ဆေးကြောပြီး သုတ်တဲ့အခါ ပျော့တဲ့ မျက်နှာသုတ်ပုဝါကို အသုံးပြုပါ။