ပိတ်ရက်မှာ မိသားစုကို အချိန်ပေးပြီး TV ရှေ့မှာ အတူကြည့်ချင်တဲ့သူတွေအတွက် မိသားစုနဲ့အတူကြည့်လို့ရတဲ့ K Drama တချို့ကို ဝေမျှပေးလိုက်ပါတယ်။ ဒီ K Drama တွေက အသက်အရွယ်တိုင်းအတွက် ဆွဲဆောင်မှုရှိတာကြောင့် အားလုံးစိတ်ဝင်တစားနဲ့ အတူတူကြည့်လို့အဆင်ပြေမှာပါ။

1. The Beauty Inside (2015)

နေ့တိုင်း မတူတဲ့ ခန္ဓာကိုယ်နဲ့ နိုးလာရတဲ့ Woo-jin နဲ့ ပရိဘောဂဒီဇိုင်နာ Yi-soo တို့ကြား အချစ်ဇာတ်လမ်းလေးက ကြည့်နေကျကားတွေနဲ့မတူဘဲ ကွဲထွက်နေတာပါ။

2. Marathon (2005)

ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ အနှစ် 20 လောက်က ရုံတင်ပြသခဲ့တုန်းက ကိုရီးယားမှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး အော်တစ်ဇင် (자폐증) ဆိုတဲ့ အသုံးအနှုန်းကို ဒီဇာတ်ကားကြောင့် ပိုလူသိများစေခဲ့ပါတယ်။

3. Exit (2019)

အစပိုင်းမှာတော့ ဟာသကားတစ်ကားဖြစ်မှာ သေချာပေမယ့် နောက်ပိုင်းမှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်နေတဲ့ ဒီဇာတ်ကားက မဖြစ်မနေကြည့်သင့်တဲ့ ကားတစ်ခုပါ။

4. Miracle: Letters to the President (2021)

ဒီဇာတ်ကားကိုတော့ 1980 ခုနှစ်တွေတုန်းက ဝေးလံခေါင်သီတဲ့ တောင်ရွာမှာ ရိုက်ကူးထားတာပါ။

5. Extreme Job (2019)

တစ်ချိန်လုံး ၀င်ငွေအများဆုံး ကိုရီးယားရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဒီဇာတ်ကားက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စစ်ဆင်ရေးကိုလုပ်မယ့် စုံထောက်ငါးယောက်အကြောင်းပါ။

6. Miss Granny (2014)

ဒီဇာတ်လမ်းတွဲကတော့ ကိုရီယားမှာသာမက တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံအသီးသီးမှာ ဗားရှင်းပြောင်းပြီး ပြန်ရိုက်ကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

7. Along with the Gods: The Two Worlds (2017)

နောက်ထပ် ဝင်ငွေအကောင်းဆုံး ကိုရီးယားဇာတ်ကားဖြစ်တဲ့ ဒီဇာတ်လမ်းမှာ သူရဲကောင်းဆန်ဆန် သေသွားတဲ့ မီးသတ်သမားဟာ နောက်ဘဝမှာလူဝင်စားဖို့ ငရဲခုနစ်ခုကိုဖြတ်သန်းတဲ့ပုံစံကို ရိုက်ကူးထားတာပါ။