အကိတ်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အမိုက်စား Body ကိုပိုင်ဆိုင်ထားတဲ့ Kylie Jenner ရဲ့ ဖက်ရှင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဖက်ရှင်တွေက Body တောင့်ပြီး ကိတ်တဲ့ကောင်မလေးတွေ၊ အရမ်းလှတဲ့ hourglass body shape ရှိတဲ့ ကောင်မလေးတွေနဲ့ဆိုရင် အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်လေးတွေပါ။

Hourglass body shape ရှိတဲ့ကောင်မလေးတွေ၊ အကိတ်မလေးတွေက Kylie ဝတ်ထားသလို ဂါဝန်လေးနဲ့ အရမ်းလိုက်ပါတယ်။ ခန္ဓာကိုယ်ပြည့်နေတော့ ကောက်ကြောင်းလေးပိုပေါ်လွင်ပြီး အရမ်းလှပါတယ်။

ပွဲတက်တွေဆိုရင် Kylie ဝတ်ထားသလို ခပ်မိုက်မိုက်ဒီဇိုင်း ကိုယ်ကျပ် Dress လေးတွေ ရွေးဝတ်သင့်ပါတယ်။ ဒီလိုပုံစံလေးက ကိုယ့်အလှကို ပိုပြီးတော့ပေါ်လွင်စေပါတယ်။

အကိတ်မလေးတွေအနေနဲ့ ဘောင်းဘီတိုကို freestyle ပုံစံမျိုးဖြစ်အောင် ဝတ်ချင်တယ်ဆိုရင် Kylie ဝတ်သလို oversized tshirt လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ Body လည်းလှတော့ freestyle ဝတ်တာတောင် အရမ်းမိုက်ပါတယ်။

Hourglass body shape ရှိတဲ့ကောင်မလေးတွေ၊ အကိတ်မလေးတွေက ကိုယ်ကျပ် crop top လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်ရင်တော့ ပိုပြီးဖက်ရှင်ကျစေပါတယ်။

ခန္ဓာကိုယ်လှတဲ့ကောင်မလေးတွေနဲ့ အကိတ်မလေးတွေက body fit dress တွေနဲ့ဆို အရမ်းမိုက်ပါတယ်။ ဒီတိုင်းမဝတ်ရဲတဲ့သူတွေဆိုရင် Kylie ဝတ်သလို ဂျင်းကုတ်လေးတွေနဲ့ တွဲဝတ်လို့လည်း ရပါတယ်။

Hourglass body shape ရှိတဲ့ကောင်မလေးတွေနဲ့ အကိတ်မလေးတွေက Kyile ဝတ်ထားသလို ခြေမျက်စိအထက်ရောက်တဲ့ ဂျင်းဘောင်းဘီမျိုးနဲ့လည်း အရမ်းလိုက်ပါတယ်။ ဒီလိုဘောင်းဘီဝတ်မယ်ဆိုရင်တော့ ဒေါက်ဖိနပ်စီးတာနဲ့မှ ပိုပြီးလှတာပါ။

ဂျင်းဘောင်းဘီအကျပ်လေးတွေကို ရိုးရိုးတီရှပ်လေးတွေနဲ့ ဝတ်မယ်ဆိုလည်း တီရှပ်ကို Kylie ချည်ထားသလိုမျိုးလေး လုပ်ပြီးဝတ်တာက ဖက်ရှင်ကျစေပါတယ်။

photo source:www.pinterest.com