မည်သည့်အကြောင်းကြောင့်ပင်ဆိုစေကာမူ လောကကြီးက အချို့မိသားစုများကို ထူးခြားဆန်းပြားသောမျိုးရိုးဗီဇကို ချီးမြှောက်ခဲ့ပါတယ်။ ပင်ကိုယ်စွမ်းရည်၊ ရုပ်ရည်အသွင်အပြင်၊ ကိုယ်ကျင့်စရိုက် စသဖြင့် အပြစ်ပြောစရာမရှိလောက်အောင်ကို ပြည့်ဝရုံသာမက အနုပညာနယ်ပယ်တွင် ထိုသူများကို ထောက်ခံမှုပေးစွမ်းနေတဲ့ မိသားစုဝင်များ အစဉ်အမြဲရှိတတ်ကြပါတယ်။ ဒီလိုမျိုး ကံကောင်းခြင်းများစွာဖြင့် မွေးဖွားလာတဲ့ နာမည်ကြီးအနုပညာရှင်များတဖြစ်လဲ ချစ်စဖွယ်မောင်နှမအတွဲလေးများကို ဖော်ပြပေးလိုက်ရပါတယ်။

f(x)’s Krystal နဲ့ Jessica

အခြားပုံမှန်အချိန်တွေမှာ Charisma အပြည့်ရှိသူများဖြစ်ပေမယ့်လည်း ညီအမနှစ်ယောက်တွေ့လိုက်သည့်အခါမှာတော့ အမြဲတမ်းသူများအားကျဖွယ်ကောင်းလောက်အောင်ကို ချစ်နေကြသူများပဲဖြစ်ပါတယ်။

Huening Kai (TXT) နဲ့ Huening Bahiyyih (Kep1er)

တစ်ယောက်တစ်ဖွဲ့စီမှာ အောင်မြင်တွေကိုယ်စီရနေပြီး တစ်ယောက်အဖွဲ့က သီချင်းသစ်ထွက်လာပြီဆိုတာနဲ့ ထိပ်ဆုံးက အားပေးကြလောက်တဲ့အထိ အရမ်းချစ်ကြတဲ့ မောင်နှမတွေလည်းဖြစ်ပါတယ်။

Thunder (MBLAQ) နဲ့ Sandara Park (2NE1)

ဖိလစ်ပိုင်နိုင်ငံကနေ အဆိုတော်ဖြစ်လိုသည့်စိတ်ဆန္ဒဖြင့် ကိုရီးယားသို့ရောက်လာပြီး အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သည့် မောင်နှမနှစ်ယောက်ပါ။

Akdong Musician’s Chan Hyuk and Soo Hyun

ဝေးလံလှသည့် မွန်ဂိုလီးယားနိုင်ငံမှ Kpop Star ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ နောက်ဆုံးအောက်နိုင်မှုကို ရရှိခဲ့သည့် ချစ်စဖွယ်မောင်နှမနှစ်ယောက်ဖြစ်ပါတယ်။

TWICE’s Jeongyeon နဲ့ Gong Seung Yeon (Actress)

လုပ်ငန်းနယ်ပယ်ခြင်းမတူသော်ငြားလည်း အစဉ်အမြဲတစ်ဦးနှင့်တစ်ဦး အမြဲထောက်ပံ့ပေးနေကြသည့် ညီအစ်မနှစ်ဦးပါ။

Gong Myung နဲ့ NCT’s Doyoung

မတူညီသည့်အနုပညာနယ်ပယ်တစ်ခုစီမှာ ဝင်ရောက်လုပ်ကိုင်နေကြသည့် ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အမြဲတွေ့လိုက်တိုင်း ချစ်စဖွယ်အပြုအမူလေးများဖြင့် သရုပ်ဖော်တတ်ကြပါတယ်။

Seung Woo (Viction) နဲ့ Han Sun Hwa (Secret)

Sun Hwa က အစ်မကြီးဖြစ်ပြီးတော့ သူ့ရဲ့မောင်လေးဖြစ်တဲ့ Seung Woo ကို အရမ်းချစ်ပါတယ်။ သူတို့နှစ်ယောက် မောင်နှမဆိုတာကိုတော့ လူသိပ်မသိကြပေမယ့် အရမ်းအနေအေးပြီး နွေးထွေးတဲ့စရိုက်ရှိတဲ့ မောင်လေးကို အင်မတန်ချစ်တဲ့ အစ်မတစ်ယောက်ပါ။