အားလုံးပဲ မင်္ဂလာပါ။ သီချင်းကောင်းလေးတွေ နားထောင်တာက ဦးနှောက်ရှင်းပြီး စိတ်ပင်ပန်းမှုတွေပါ ပြေပျောက်စေတာကို နားထောင်နေကျသူတိုင်းလက်ခံကြမှာပါ။ တစ်နှစ်မှတစ်ခါကြုံရတဲ့ မွေးနေ့လိုနေ့မျိုးမှာ သူနဲ့သက်ဆိုင်တဲ့ သီချင်းလေးတွေ နားထောင်ပေးတာက စိတ်ညစ်စရာတွေမေ့ပြီး တစ်နေ့လုံး Mood ကာင်းနေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ မွေးနေ့အကြောင်းရေးဖွဲ့ထားတဲ့ Kpop သီချင်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ Social Media မှာ မွေးနေ့အမှတ်တရ ဓာတ်ပုံလေးတွေတင်တဲ့အချိန် နောက်ခံသီချင်းအနေနဲ့ထည့်ဖို့ လိုက်ဖက်နေမယ့် သီချင်းကောင်းလေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Somi – “Birthday”

 

Somi ရဲ့တစ်ကိုယ်တော်ပွဲဦးထွက်ဖြစ်တဲ့ ဒီသီချင်းလေးက မွေးနေ့တင်မဟုတ်ဘဲ နေ့ရက်တိုင်းကို အမှတ်တရဖြစ်အောင်အကောင်းဆုံးဖြတ်သန်းဖို့ အားပေးထားတာပါ။ တစ်ခါနားထောင်လိုက်ရုံနဲ့ နားထဲစွဲပြီး စိတ်တက်ကြွစေမယ့် သီချင်းမြူးမြူးလေးဖြစ်ပါတယ်။

Red Velvet – “Birthday”

 

မွေးနေ့မှာ ဘာကိုမှဂရုစိုက်မနေဘဲ စိတ်ရှိလက်ရှိ ကိုယ်ကြိုက်တာလုပ်ရင်းဖြတ်သန်းမယ်ဆိုတဲ့ အကြောင်းသီဆိုထားတဲ့ Red Velvet အဖွဲ့ရဲ့သီချင်းဖြစ်ပါတယ်။ တစ်နေ့ကုန် Mood ကောင်းနေစေမယ့် သီချင်းကောင်းလေးဆိုရင်လည်း မမှားပါဘူး။

Jay Park – “Birthday”

 

Jay Park ရဲ့ ဒီသီချင်းကလည်း ပါတီပွဲ Vibe အပြည့်ရစေမယ့် သီချင်းကောင်းလေးဖြစ်လို့ မွေးနေ့ပွဲကျင်းပတဲ့အချိန် နောက်ခံသီချင်းအနေနဲ့ ဖွင့်ထားဖို့ ကွက်တိပါပဲ။

IKON – “B-DAY”

 

မွေးနေ့မှာ အထာကျကျဖြတ်သန်းမယ့်အကြောင်းရေးဖွဲ့ထားတဲ့ IKON ရဲ့ သီချင်းမြူးမြူးလေးကလည်း အတူစီးမျောရင်း စိတ်ညစ်စရာတွေမေ့သွားအောင် ဖန်တီးပေးမှာပါ။

SEVENTEEN – “Happy Birthday”

မွေးနေ့မှာ တစ်ယောက်ထဲအထီးကျန်နေသလိုခံစားရတယ်ဆိုရင် SEVENTEEN ရဲ့ “Happy Birthday” သီချင်းလေးကိုသာ နားထောင်လိုက်ပါနော်။ ဘေးကနေ အားပေးဖော်သူငယ်ချင်းတစ်ယောက်လို နွေးထွေးတဲ့ခံစားချက်ပေးတာမို့ စိတ်ခွန်အားတက်စေမှာပါ။

Source: Youtube

By MyStyle Myanmar