အားလုံးပဲမင်္ဂလာပါနော်။ Kpop ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ YoonA ကတော့ ၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ SNSD အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ ဇာတ်လမ်းတွဲများစွာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ နာမည်အရင်းက Im Yoon-ah ဖြစ်ပြီး ၁၉၉၀ ခုနှစ် မေလမှာ မွေးဖွားခဲ့တာကြောင့် အသက် ၃၁ ရှိပါပြီ။ သူမဟာ SNSD အဖွဲ့ရဲ့ Visual တစ်ဦးလည်းဖြစ်တဲ့အပြင် လက်ရှိမှာလည်း အသက် ၃၀ လို့မထင်ရလောက်အောင် ငယ်ရွယ်နုပျိုတဲ့ သဘာဝဆန်ဆန်အလှကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။


ဒါကြောင့် ဒီတစ်ခေါက်မှာ သူမလို တောက်ပပြီး နုပျိုတင်းရင်းတဲ့ အသားအရေမျိုး ထိန်းထားချင်သူတွေအတွက် YoonA ပြုလုပ်လေ့ရှိတဲ့ အသားအရေအလှအပဆိုင်ရာ ထိန်းသိမ်းမှုနည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Cleansing အဆင့်ကအရေးကြီးပါတယ်


YoonA ဟာ အသားအရေနဲ့ပက်သက်ပြီး Cleansing အဆင့်ကိုအဓိကထားလုပ်လေ့ရှိတယ်လို့ Interview တစ်ခုမှာ ပြောပြခဲ့ပါတယ်။ သူမဟာ မျက်နှာပေါ်က အဆီနဲ့အညစ်အကြေးအားလုံးဖယ်ရှားနိုင်ဖို့ Double Cleansing ပြုလုပ်ပေးတဲ့အပြင် ချွေးပေါက်တွေ ထိထိရောက်ရောက်သန့်စင်နိုင်ဖို့ Volcanic Mask တွေနဲ့လည်းပေါင်းတင်လေ့ရှိသူဖြစ်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာ မျက်နှာပုံမှန်သန့်စင်လေ့ရှိကြောင်းနဲ့ Green Tea ပါဝင်တဲ့ Skincare ပစ္စည်းတွေကိုသဘောကျကြောင်းကိုလည်း ပြောခဲ့ပါတယ်။

၂။ Moisturizer နဲ့ Sunscreen အမြဲလိမ်းပေးတယ်


သူမလို Glow Skin ရဖို့အတွက် အစိုဓာတ်ထိန်းနိုင်ဖို့ကလည်း အရမ်းအရေးပါပါတယ်။ သူမကတော့ စိုစွတ်တဲ့ရာသီမှာ Cream အမျိုးအစားမဟုတ်တဲ့ Serum ကိုပိုသုံးလေ့ရှိပြီး ခြောက်သွေ့တဲ့ရာသီတွေမှာတော့ Cream နဲ့အတူ အသားမခြောက်စေဖို့ Facial Oil အနည်းငယ်ကိုပါထည့်သုံးတတ်ပါတယ်တဲ့။ Serum အနေနဲ့ကတော့ Innisfree Green Tea Seed Serum နဲ့ ညပိုင်းအတွက် Estee Lauder Advanced Night Repair Serum တို့ကိုသုံးလေ့ရှိတယ်လို့ဆိုပါတယ်။ Sunscreen ကလည်း နုပျိုမှုအတွက် အရေးကြီးတာမို့ ပုံမှန်လိမ်းလေ့ရှိသူဖြစ်ပါတယ်။

၃။ Self-Care ပုံမှန်လုပ်ပေးတယ်


သူမဟာ Self-Care အနေနဲ့ အသားအရေကိုအားဖြည့်ပေးတဲ့ Essential Oil၊ Scrub စတာတွေ အသုံးပြုခြင်းနဲ့အတူ Stress ပြေစေဖို့ ရေပူနဲ့စိမ်ပြီး ရေချိုးပေးတာမျိုးလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။ အသားအရေအတွက် အိပ်စက်ခြင်းကလည်းအရေးပါတာမို့ ညဘက်မှာ လုံလောက်တဲ့အိပ်ချိန်တစ်ခုပေးထားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

၄။ နှုတ်ခမ်းနီအရောင်တောက်တောက်လေးတွေဆိုးတယ်


သူမဟာ မိတ်ကပ်ပြင်တဲ့အခါ အရောင်နုပြီးတောက်တဲ့ နှုတ်ခမ်းနီတွေကိုသုံးလေ့ရှိပြီး ဒီလိုအရောင်လွင်လွင်လေးတွေက အသားဆောင်ပြီး ရိုးရိုးရှင်းရှင်းနဲ့မျက်နှာထင်းနေစေတာကြောင့် မိတ်ကပ်ထူထူလိမ်းစရာမလိုဘဲ နုပျိုပြီးကြည့်ကောင်းနေစေပါတယ်။

၅။ ဆံပင်ပုံစံပြောင်းပေးတယ်


ဆံပင်ပုံစံမကြာခဏပြောင်းပေးတာကလည်း ငယ်ရွယ်တဲ့ Look ကိုရစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မကြာခဏ ဆံပင်ပုံစံ၊ အရောင်စတာတွေကိုပြောင်းလဲကြည့်ပါ။ ဥပမာ YoonA ညှပ်သလို ဂုတ်ထောက်ဆံပင်နဲ့ ခပ်ပြေပြေလှိုင်းတွန့်ပုံစံလေးတွေက သင့်ကို ရှိရင်းစွဲထက်ပိုငယ်တဲ့ Look မျိုးရှိစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar