ကမ္ဘာပေါ်က အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေထဲက အချို့ဟာ မယုံနိုင်လောက်အောင် ငယ်ရွယ်တဲ့ အသက်အရွယ်မှာ သေဆုံးခဲ့ကြပြီး ပရိသတ်တွေအနေနဲ့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာလည်း Idiot အဖွဲ့က ပင်တိုင်အဆိုရှင် ရေမွန်ဟာလည်း ဇွန်လ ၂၃ ရက် ၂၀၂၁ ခုနှစ်မှာ ပရိသတ်တွေကို ရုတ်တရက်နှုတ်ဆက်ခွဲခွာသွားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ယူကြုံးမရ ဖြစ်ခဲ့ကြရပါတယ်။

ဒါပေမယ့်လည်း လူသေပေမယ့် အနုပညာ အမွေအနှစ်တွေ ချန်ထားနိုင်ခဲ့ပြီး နာမည် ဘယ်တော့မှ မသေဘဲ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲတစေ ရှင်သန်နေတဲ့ အနုပညာရှင်တွေများစွာလည်း ရှိနေပါတယ်။

အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရပေမယ့်လည်း ပရိတ်သတ်တွေရင်ထဲမှာ အမြဲတမ်း ရှင်သန်ကျန်ရစ်နေမယ့် အနုပညာရှင်တွေပဲဖြစ်ပါတယ်။

၁။ Shinee အဖွဲ့ဝင် JongHyun (၁၉၉၀-၂၀၁၇)

Shinee အဖွဲ့ဝင် Jonghyun ဟာ ကေပေါ့လောကရဲ့ Main Vocalist တွေကြားထဲမှာ အများလက်သင့်ခံပြီး ချီးကျူးခံခဲ့ရတဲ့ အိုင်ဒေါတစ်ယောက်ဖြစ်ပါတယ်။

JongHyun ဟာ သူ့ရဲ့အဖွဲ့ဖြစ်တဲ့ Shinee သီချင်းတွေအပြင်၊ တစ်ကိုယ်တော်သီချင်းတွေ၊ OST တွေနဲ့ပါ ကျော်ကြားခဲ့ပါတယ်။

ဒါပေမယ့် ကြီးမားလှတဲ့ အောင်မြင်မှုနဲ့ လူအများရဲ့ အာရုံစိုက်ခံရမှုကြောင့် JongHyun ဟာ လူအများ ရှောင်လွှဲဖို့အင်မတန်ခက်ခဲတဲ့ စိတ်ကျဝေဒနာနွံထဲ ကျဆင်းခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ အဆုံးစီရင်သွားခဲ့ပါတယ်။

(၂) f(x) အဖွဲ့ဝင် Sulli (၁၉၉၄ – ၂၀၁၉)

SM Entertainment ရဲ့ တချိန်က ထင်ပေါ်ကျော်ကြားခဲ့တဲ့ အမျိုးသမီးအဖွဲ့ f(x) မှာပါဝင်ခဲ့တဲ့ Sulli ဟာ သရုပ်ဆောင်အလုပ်ကို ဇောက်ချလုပ်ကိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။

Instagram မှာ ငါးသန်းကျော် Followers ရှိတဲ့သူမဟာ အင်မတန်ဆိုးရွားလွန်းတဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၁၉ ခုနှစ်မှာ အဆုံးစီရင်ခဲ့ပါတယ်။

၃။ KARA အဖွဲ့ဝင် Goo Hara (၁၉၉၁-၁၉၆၉)

တချိန်က အမျိုးသမီး ကေပေါ့အိုင်ဒေါအဖွဲ့တွေရဲ့ Visual အဖြစ် ထင်ပေါ်ကျော်ကြားခဲ့တဲ့ Hara ဟာဆိုရင်လည်း ကေပေါ့အိုင်ဒေါတစ်ယောက်အနေနဲ့ ကျော်ကြားမှုအပြင် တစ်ဖက်ကပါ ရရှိနေတဲ့ ဖိအားတွေက ကြီးမားလွန်းလို့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ပါ မတိုင်ပင်နိုင်လောက်အောင် နာကျင်ခံစားခဲ့ရပြီးနောက် Sulli ဆုံးပါးပြီး ခြောက်ပတ်အကြာမှာပဲ သူမရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

သူမ မဆုံးပါးခင်မှာ Instagram အကောင့်ပေါ်မှာ “Goodbye” ဆိုပြီး နှုတ်ဆက်စကား ပြောသွားခဲ့ပါတယ်။

၄။ Jeong Da Bin

သူ့အသက် ၂၆ နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Rooftop Room Cat, AKA Attic Cat ဇာတ်လမ်းတွဲမှာ Kim Rae Won နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ သူ့ချစ်သူအိမ်ရဲ့ ရေချိုးခန်းမှာ သူ့ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။ သူအရမ်းစိတ်ဓာတ်ကျနေတဲ့အကြောင်း သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘလောဂ့်မှာတော့ တင်ထားခဲ့ပါတယ်။

၅။ Park Yong Ha

သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်ပြီး သူ့အသက် ၃၂ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့ မနက် ၅း၃၀ မှာသူ့ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာပါ။ သူကတော့ ဘာမှ ရေးသားခဲ့တာမျိုး မရှိပါဘူး။ အလုပ်ကပေးတဲ့ စိတ်ဖိစီးမှုကော သူ့ဖခင် ကင်ဆာဖြစ်နေတာရော အားလုံးပေါင်းပြီး စိတ်ကျဝေဒနာ ခံစားခဲ့ရတာပါ။