အရည်အချင်း ပြည့်ဝပြီး အသံအားကောင်းတဲ့ အဆိုတော်တွေ အများအပြားရှိကြပေမယ့် ကိုယ့်သီချင်းကို ကိုယ်တိုင်ကိုယ်ကျ ရေးဖွဲ့သီကုံးနိုင်တဲ့ အဆိုတော်တွေကတော့ ရှားပါတယ်။ ကိုယ်တိုင် ရေးဖွဲ့နိုင်ရင်တောင်မှ ထိုသီချင်းကို ကိုယ်တိုင် ပြန်ဆိုတဲ့အခါ လူကြိုက်များချင်မှ များမှာပါ။

အခုဖော်ပြပေးမယ့် အဆိုတော်တွေကတော့ သူတို့သီဆိုမယ့်သီချင်းကို ကိုယ်တိုင် ရေးဖွဲ့နိုင်ပြီး သီဆိုတဲ့အခါမှာလည်း လူကြိုက်များကာ အတော်လေးကို ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ဘယ်အဆိုတော်တွေက သူတို့သီချင်းကို ကိုယ်တိုင်ရေးဖွဲ့သီကုံးပြီး လူကြိုက်များခဲ့သလဲဆိုတော့ …

Soyeon ((G)-IDLE)

Source: Cranraz

သူမဟာ သူ့ဂီတကို ကိုယ်တိုင် ဖန်တီးပြီး တစ်ခါရေးရင်လည်း စတူဒီယိုထဲမှာ နာရီနဲ့ချီကာ ရေးဖွဲ့လေ့ရှိပါတယ်။ သူမအဖွဲ့အတွက် Debut ချိန်တည်းက ကိုယ်တိုင်ရေးဖွဲ့သီဆိုထားတဲ့ သီချင်းတွေနဲ့ ရေပန်းစားကျော်ကြားလာခဲ့တာပါ။

Hyunsik (BTOB)

Source: Reddit

BTOB အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတချို့ကိုလည်း Hyunsik ရေးသားပေးထားတာဖြစ်ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေအပြင် တခြားလူတွေအတွက်လည်း ရေးပေးဖူးပါသေးတယ်။

3racha (Stray Kids)

Source: Music Mundial

Stray Kids အဖွဲ့ရဲ့ သီချင်းတွေသည်လည်း Debut အစတည်းက သူတို့သုံးယောက်ကိုယ်တိုင် ရေးဖွဲ့သီကုံးကာ စပ်ဆိုထားတာဖြစ်ပါတယ်။

Woozi (Seventeen)

Source: Nautiljon.com

Woozi ဟာ သူ့ရဲ့သီချင်းရေးဖွဲ့သီကုံးနိုင်တဲ့ အရည်အချင်းကြောင့် Produce of the Year ဆုကို ရရှိထားဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ Seventeen အဖွဲ့ရဲ့ သီချင်းတွေတိုင်းကိုလည်း သူကိုယ်တိုင်ဖန်တီးထားတာဖြစ်ပြီး တခြားအဖွဲ့တွေအတွက်လည်း သီချင်းရေးဖူးပါတယ်။

Suga, RM (BTS)

Source: NME

BTS အဖွဲ့မှာတော့ အဖွဲ့ခေါင်းဆောင် RM သည် သီချင်းအများဆုံး ရေးလေ့ရှိပါတယ်။ Suga နဲ့ Jhope သည်လည်းပဲ သူတို့ရဲ့ ရက်ပ်အပိုင်းကို သူတို့ကိုယ်တိုင် ရေးဖွဲ့လေ့ရှိပါတယ်။ Jin ၊ Jimin ၊ V နဲ့  Jungkook သည်လည်းပဲ သီချင်းဆိုရာမှာလည်း တော်သလို သီချင်းစပ်ဆိုရာမှာလည်း တော်ကြပါတယ်။

Hui (Pentagon)

Source: Amino Apps

Pentagon အဖွဲ့အတွက်သာမက Wanna One, IOI တို့အတွက်ပါ သီချင်းကောင်းတွေ ရေးခဲ့ပေးဖူးတဲ့ အိုင်ဒေါလ်တစ်ယောက်ပါ။

G-Dragon (Big Bang)

Source: Pinterest

King of Idols လို့ တင်စားခေါ်ဝေါ်လို့ရတဲ့ G-Dragon ကလည်း ကိုယ်တိုင်သီချင်းရေးပြီး သီဆိုသူတစ်ယောက်ပါ။

B.I (iKon)

Source: Kpopping

iKon အဖွဲ့ကို တအားနာမည်ကြီးသွားစေခဲ့တဲ့ LOVE SCENARIO သီချင်းဆိုရင်လည်း B.I ရေးစပ်ခဲ့တာပါ။ အခုတော့ iKon အဖွဲ့ကနေ ထွက်ခွာခဲ့ပြီး တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်နေပါတယ်။

IU

Source: stanleymilton

IU သည် သီချင်းရေးဖွဲ့ရာမှာလည်း ပါရမီပါတဲ့သူတစ်ယောက်ပါ။ သူကိုယ်တိုင် သီဆိုဖို့အတွက်လည်း ရေးဖွဲ့လေ့ရှိသလို အခြားအဆိုတော်တွေအတွက်လည်း ရေးဖွဲ့ပေးလေ့ရှိပါတယ်။

Jonghyun (Shinee)

Source: SHINee USA

Jonghyun ကလည်းပဲ သီချင်းရေးစပ်ရာမှာ ပါရမီပါသူတစ်ဦးဖြစ်ပြီးတော့ တခြားသူတွေရဲ့ နာမည်ကြီးသီချင်းတွေလည်း သူသီကုံးရေးစပ်ပေးခဲ့တာပါ။

Jinyoung (B1a4)

Jinyoung ဟာလည်းပဲ မင်းသားမဖြစ်လာခင် အိုင်ဒေါတစ်ဦးဖြစ်ပြီးတော့ သူ့အဖွဲ့အတွက်ရော တခြားသူတွေအတွက်ပါ သီချင်းတွေ ရေးပေးဖူးပါတယ်။