Kpop Idol တွေကို ကြည့်လိုက်ရင် ပိန်ပိန်ပါးပါးလေးနဲ့ အားကျဖို့ ကောင်းလှပါတယ်။ Idol တွေက အချိန်ကာလ တစ်ခုအထိ ဝိတ်ချပြီး ပိုပိုပြီး ကြည့်ကောင်းလာတတ်ပါတယ်။ လုံးဝ ပြောင်းလဲသွားတတ်ပါတယ်။ သင်က Idol တွေလို လုံးဝ အပြောင်းအလဲ ဖြစ်ချင်တယ်ဆိုရင်တော့ Diet လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာ စားတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Idol တွေရဲ့ ပုံမှန် ထက် ကြိုးစားလွန်းတယ်လို့ ပြောလို့ရမယ့် Diet Plan တွေကို ဖော်ပြပါရစေ။

ဒီ Diet တွေကို မလုပ်ခင် သင့်အနေနဲ့ သင့်ကျန်းမာရေးအတွက် အဆင်ပြေရဲ့လား အရင် စဉ်းစားသင့်ပါတယ်။ အာဟာရ ပညာရှင်အချို့က ဖော်ပြပါ Diet Plan အချို့ကို သဘောမကျတာကြောင့် သင့်အနေနဲ့ သေချာလေ့လာပြီးမှ ပြုလုပ်သင့်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ IU

IU ရဲ့ Diet ကတော့ Strict ဖြစ်လွန်းတယ်လို့ ပြောလို့ရပါတယ်။ သူမက Diet လုပ်တဲ့အချိန်မှာ မနက်စာကို ပန်းသီးတစ်လုံးပဲ စားပြီး နေ့လည် ကန်စွန်းဥနဲ့ ညဘက် Protein Shake ပဲ သောက်ခဲ့တယ်လို့ သိရပါတယ်။

၂။ Suzy

Suzy ရဲ့ Diet ကတော့ သင်နဲ့ ရင်းနှီးလွယ်ပြီး သင်လိုက်လုပ်နိုင်လောက်ပါတယ်။ သူမက Diet လုပ်ခဲ့တုန်းက မနက်စာကို ကြက်ရင်ပုံ၊ ကန်စွန်းဥ တစ်ဥနဲ့ အဆီလျှော့ နွားနို့ကို သောက်လေ့ရှိပါတယ်။ နေ့လည်စာကိုတော့ ဆန်ညိုနဲ့ အသီးအရွက်သုတ် စားလေ့ရှိပါတယ်တဲ့။ ညစာကိုတော့ ကန်စွန်းဥ နှစ်ဥ ထပ်စားပါတယ်။

၃။ Ailee

Ailee ကတော့ သူမရဲ့ Diet မှာ ပရိုတင်းဓာတ် များအောင် ဦးစားပေးစားလေ့ရှိပါတယ်။ မနက်စာကို ပန်းသီး၊ ကြက်ရင်ပုံ၊ ပဲနို့နဲ့ သခွားသီး စားတတ်ပါတယ်တဲ့။ နေ့လည်စာကိုတော့ ကန်စွန်းဥ၊ ကြက်ဥ၊ အသီးအရွက်နဲ့ ဒိန်ချဉ်စားခဲ့ပါတယ်။ ညစာကိုတော့ ပုစွန်၊ အသီးအရွက်နဲ့ ငှက်ပျောသီးစားလေ့ရှိတယ်လို့ ဆိုထားပါတယ်။

၄။ Solar

Mamamoo အဖွဲ့ဝင် Solar နဲ့လည်း သင် Relate လုပ်နိုင်မှာပါ။ သူမရဲ့ Diet Plan ကတော့ မနက်စာ- ကန်စွန်းဥ၊ ပန်းသီးတစ်ဝက်၊ ပဲနို့၊ နေ့လည်စာ- ဆန်ညို၊ ကြက်ရင်ပုံ၊ စပျစ်သီးနဲ့ နေ့လည်စာ ထပ်ပြီး ကြက်ရင်ပုံနဲ့ တည်သီး၊ ညစာ- ကြက်ဥနဲ့ တည်သီးတို့ပဲ ဖြစ်ပါတယ်။

၅။ Jennie

Jennie ရဲ့ ခန္ဓာကိုယ်မျိုးကိုတော့ ပျိုမေတိုင်းလိုလို လိုချင်မှာပါ။ သူမက ထောပတ်သီး၊ Detox Juice ကိုသောက်လေ့ရှိပြီး ညဘက်မှာတော့ ဆား မစားမိဖို့ သတိပြုတတ်သူပါ။ ဆား အစားများတာက သူမကို ဗိုက်ပူစေတာကြောင့် ရှောင်လေ့ ရှိပါတယ်တဲ့။

၆။ Somi

Dumb Dumb အဆိုရှင် Somi က ပေါင်ချိန် ၁၀၂ ပေါင် ဝန်းကျင်နဲ့ အရပ်မြင့်သူ ဖြစ်ပါတယ်။ သူမက ငှက်ပျောသီးပဲ စားတဲ့ ငှက်ပျောသီး Diet လုပ်ဖူးတယ်လို့ ဆိုထားပါတယ်။ ဒီ Diet ကတော့ သင့်အတွက် တော်တော်ခက်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar