လက်မောင်းသွယ်သွယ်လေးက အင်္ကျ ီလက်ပြတ်ဝတ်တဲ့အချိန်၊ ဆွဲဆောင်မှုရှိရှိ ဖက်ရှင်တွေ ဝတ်ဆင်တဲ့အချိန် သင့်အလှကို နှစ်ဆ ပိုတိုးစေမယ့် အစိတ်အပိုင်းပါ။ အထူးသဖြင့် လက်မောင်းသွယ်သွယ်လေးကို ကိုးရီးယားက နာမည်ကျော် အမျိုးသမီး Idol တွေ ပိုင်ဆိုင်ထားတတ်ပါတယ်။ သင်က သူတို့လို လက်မောင်းသွယ်သွယ်လေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
၁။ Fast Small Arm Circles
Photo Source: Gfycat
- လက်ကို ဘေးဘက် ဆန့်တန်းထားပြီး စက်ဝိုင်း ဦးတည်ချက်နဲ့ အမြန်ပတ်ပေးရပါမယ်။
- ဒါကို ရှေ့ဘက် ဝိုက်တာ နှစ်မိနစ်နဲ့ နောက်ဘက် ဝိုက်တာ နှစ်မိနစ် ပြုလုပ်ပေးရပါမယ်။
၂။ Up Down Chest Lift Pulse
Photo Source: Blogilates
- ဗလ ပြတဲ့ပုံစံမျိုး လက်နှစ်ဖက်ကို ဘေးဘက် ကွေးထားရပါမယ်။
- ပြီးနောက် အောက်ဘက်ကို ဒီအနေအထားနဲ့ ချပေးရပါမယ်။
- ချပြီးနောက် နဂို အနေအထားပြန်သွားပြီး အောက်ဖော်ပြပါ ပုံအတိုင်း လက်ကို စုပြီး အပေါ် ပင့်တင်ပေးရပါမယ်။
- ဒါကို ၂ မိနစ် လုပ်ရပါမယ်။
၃။ Tricep Dips
Photo Source: Pinterest
- လက်နှစ်ဖက်ကို ခန္ဓာကိုယ်နောက်ဘက်ထားပြီး အားပြုထားရပါမယ်။
- ပြီးနောက် ခြေထောက်ကို ရှေ့ဘက် ဒူးကွေးလျက်ထားပြီး ခန္ဓာကိုယ်ကို အပေါ် ပင့်တင်ပေးရပါမယ်။
- ဒီလိုပင့်တင်တဲ့အချိန် လက်မောင်းကြွက်သားကို အားပြုပေးရပါမယ်။
- ဒါကို ၂ မိနစ် လုပ်ရပါမယ်။
၄။ Push Up With Extension
Photo Source: Giphy
ဒိုက်ထိုးပေးရပါမယ်။ တကယ်လို့ ဒိုက်ထိုးတာက သင့်အတွက် ခက်ခဲမယ်ဆိုရင် ဒူးထောက်ပြီး ဒိုက်ထိုးနိုင်ပါတယ်။ ဒိုက်ထိုးတာနဲ့အတူ ခန္ဓာကိုယ်က နဂို အနေအထားပြန်သွားတဲ့အချိန် ဘယ်လက်ကို ဆန့်ပေးရပါမယ်။ ပြီးနောက် ဘယ်လက်ကို ပြန်ချပြီး ညာလက် ဆန့်ပေးရပါမယ်။ ပြီးတာနဲ့ ဒိုက်ထိုးပေးရပါမယ်။ ဒါကို ၂ မိနစ် ပြုလုပ်ရပါမယ်။
၅။ Up and Down Plank
Photo Source: Pinterest
ဒိုက်ထိုးခြင်း အစပြုတဲ့ ပုံစံမျိုး ကိုယ်နေဟန်ထား ထားပေးရပါမယ်။ ပြီးနောက် Plank ထောက်တဲ့ပုံစံဆီ တံတောင်ကို အားပြုပြီး ထောက်ပေးရပါမယ်။ ဒါပြီးတာနဲ့ နဂိုအနေအထား ပြန်သွားနိုင်ပါပြီ။ ဒါကိုလည်း ၂ မိနစ် လုပ်ပေးရပါမယ်။
By MyStyle Myanmar