အလှအပ Visual နဲ့ ပတ်သက်ရင် Korea က အနုပညာရှင်တွေက နာမည်ကြီးလေ့ရှိပါတယ်။ သူတို့ရဲ့ Visual ထဲမှာ ထူးခြားတဲ့ ဆံပင်စတိုင်တွေလည်း ပါဝင်ပါတယ်။ သူတို့က ဆံပင်ကို ကျန်းမာတဲ့ပုံစံပေါ်အောင် ဖန်တီးလေ့ရှိသလို ထသွားထလာ အချိန်မှာလည်း ဆံပင်ပုံစံကို အမြဲ ပုံကျအောင် ထားလေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ Kpop Idol တွေ ပေါ့ပေါ့ပါးပါး စည်းလေ့ရှိတဲ့ ဆံပင်စတိုင်တွေကို ဖော်ပြပါရစေ။ ဆံပင်စတိုင်တွေက လိုက်စည်းရ လွယ်ကူတဲ့အပြင် ချစ်ဖို့ကောင်းတာကြောင့် သင်နှစ်သက်မှာ မလွဲမသွေပါပဲ။ ဒီတော့ ကြည့်လိုက်ရအောင်-

Blackpink အဖွဲ့ဝင် Jennie ရဲ့ ဆံပင်တစ်ဝက်စည်း ဆံထုံးလေးကလည်း ချစ်ဖို့ ကောင်းပါတယ်။ ကပိုကယို စတိုင်လေး ဖြစ်ပြီး ပေါ့ပေါ့ပါးပါး စတိုင် ကောင်မလေးတွေနဲ့ လိုက်ဖက်မှာပါ။

Itzy အဖွဲ့ဝင် Ryujin က ရှေ့ဆံပင်ကို နောက်ဘက်မှာ နှစ်ဘက် စည်းလိုက်တာ ဖဲပြားလေးနဲ့ စည်းထားပုံက ချစ်စရာ ကောင်းပါတယ်။

ဆံပင်စတိုင်နဲ့ ပတ်သက်ရင် IVE အဖွဲ့ဝင် Won-young ကလည်း နာမည်ကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူမက ဆံပင်ကို ပုံစံအမျိုးမျိုး စည်းလေ့ရှိလို့ပါ။ ဒီထဲမှာတော့ ဆံပင်ကို ကောက်ကာ တစ်ဝက်စည်းလေး စည်းထားပါတယ်။ ကဗျာဆန်ဆန် တည်တည်ငြိမ်ငြိမ်လှချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်မှာပါ။

Tri.be အဖွဲ့ဝင် Hyunbin ရဲ့ လွယ်ကူတဲ့ ဆံပင်စည်းပုံ

Kep1er ထဲက Kim Dayeon ရဲ့ ဆံပင်အမြင့်စည်းပြီး Bang ကို ပုံသွင်းထားတဲ့ ချစ်စရာ ဆံပင်စတိုင်

Bang ညှပ်ထားပြီး ဆံပင်ရှည်ထားတဲ့ ကောင်မလေးတွေအနေနဲ့ Pixy အဖွဲ့ဝင် Lola လို ဘီးကုတ်လေးနဲ့ လုပ်ကြည့်သင့်ပါတယ်။

Twice အဖွဲ့ဝင် Momo လို ဖဲပြားလေး ရှိရုံနဲ့ ကျစ်ဆံမြီးစည်းပြီး ချစ်ဖို့ကောင်းနိုင်ပါတယ်။

Taeyeon ရဲ့ ပေါ့ပေါ့ပါးပါး ဆံပင်စည်းပုံလေး

Oh My Girl အဖွဲ့ဝင် Arin လို ချစ်စရာကောင်းတဲ့ ဆံထုံးလေး နှစ်ဘက်ကလည်း ဘယ်တော့မှ မရိုးသွားမယ့် စတိုင်ပါ

နောက်ကြောလေး ကြည့်ရုံနဲ့ ဘယ်သူလဲ သင်သိမှာပါ။ Rosé ရဲ့ ရွှေရောင်ဆံပင်နဲ့ အတူ ကျစ်ဆံမြီးလေးကလည်း ဆံပင်ဆိုးထားတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် ဆံပင်ပုံစံပါ။

Photo Source: Pinterest

By MyStyle Myanmar