အားလုံးပဲ မင်္ဂလာပါနော်။ တောင်ကိုးရီးယား တစ်ကိုယ်တော်အဆိုတော် Chungha ကိုတော့ Kpop ပရိသတ်တွေ သိကြမယ်ထင်ပါတယ်နော်။ Produce 101 အဆိုပြိုင်ပွဲကတစ်ဆင့် I.O.I အဖွဲ့ဝင်အနေနဲ့ ပွဲဦးထွက်ခဲ့ကာ ၂၀၁၇ ခုနှစ်ကစပြီး Solo အဆိုတော်အဖြစ် ဆက်လက်ရပ်တည်နေသူတစ်ဦးပါ။ Chungha ဟာ သွက်သွက်လက်လက်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကကွက်တွေတီထွင်နိုင်တဲ့စွမ်းရည်ကြောင့် ပရိသတ်တွေကြား လူသိများပါတယ်။


အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့သူမဟာ သူမရဲ့အသားအရေအတွက် ရေများများသောက်ပြီး ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားကာ အိပ်ရေးဝအောင် အိပ်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ မျက်နှာသွယ်သွယ်လေးနဲ့ ညို့အားပြင်းတဲ့ မျက်ဝန်းကျယ်လေးတွေရှိသူမို့ Lens အရောင်စုံလေးတွေဝတ်ပြီး Eye Makeup ကို အသားပေး ပြင်တတ်သူပါ။

Chungha ပြင်လေ့ရှိတဲ့ Glitter Eye Makeup အရောင်တောက်တောက်လေးတွေက လူငယ်ကောင်မလေးတွေကြား ရေပန်းစားပြီး တစ်မူထူးခြားတာမို့ ဒီတစ်ခေါက်မှာ ပျိုမေတို့ လိုက်ပြင်နိုင်မယ့် Chungha ရဲ့ အရောင်လက်လက်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ Glitter Eye Makeup Look တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်လိုက်ရအောင်နော်။

Photo Source: Pinterest

By MyStyle Myanmar