လက်သည်းစတိုင်နဲ့ ပတ်သက်ရင် Asian Nail Artist တွေရဲ့ ဖန်တီးနိုင်စွမ်းက အံ့သြရလောက်တဲ့အထိ ဖန်တီးမှု အားကောင်းကြပါတယ်။ အထူးသဖြင့် Kpop Idol တွေရဲ့ လက်သည်းတွေကို ဖန်တီးပေးတဲ့ Nail Artist တွေပါ။ သူတို့ရဲ့ လက်သည်း အနုပညာတွေက လှလွန်းတာကြောင့် ပြန်ဖျက်ဖို့တောင် နှမြောဖို့ ကောင်းတဲ့အထိပါပဲ။ ဒီတစ်ခေါက်မှာတော့ သင်ကိုယ်တိုင်ပါ လိုက်ဆိုးနိုင်မယ့် Idol တွေရဲ့ လက်သည်းနီ ဒီဇိုင်းတွေကို ဖော်ပြပါရစေ။

Idol တွေရဲ့ လက်သည်းနီ စတိုင်တွေက ထူးခြားမှုရှိတာကြောင့် သင်ကိုယ်တိုင် လိုက်ဆိုးရင် သူများထက် ထူးခြားနေမှာ မလွဲမသွေပါပဲ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

Blackpink အဖွဲ့ဝင် Jennie ရဲ့ ပုလဲမှုန်လေးတွေ ပါတဲ့ လက်သည်းနီရောင်က ဆွဲဆောင်မှု ရှိလှပါတယ်။ Glitter ပါတာလေး နှစ်သက်ရင် ဒီပုံစံလေးကို Try ကြည့်သင့်ပါတယ်။

Jan Wonyoung ရဲ့ လက်သည်းနီ ခရမ်းရောင်လေးက ဆိုးရတာ လွယ်ကူတဲ့အပြင် သင့်မျက်နှာလေးကိုတောင် ပိုလင်းနေစေပါလိမ့်မယ်။

ဒီတစ်ခေါက်လည်း Wonyoung ပါပဲ။ Wonyoung ရဲ့ ဒီလက်သည်းနီစတိုင်ကတော့ ဆိုင်မှာ သွားဆိုးမှ ရနိုင်မယ့် ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

Blackpink အဖွဲ့ဝင် Rosé ရဲ့ လက်သည်းစတိုင်က အရောင်စုံကာ ချစ်ဖို့ကောင်းတဲ့ လက်သည်းနီ စတိုင် ဖြစ်ပါတယ်။

StayC အဖွဲ့ဝင် Se-eun ရဲ့ လက်သည်းနီစတိုင်လေးက Creative ဖြစ်ကာ ချစ်ဖို့ကောင်းပါတယ်။

အပြာရောင်လေး နှစ်သက်တဲ့ ကောင်မလေးတွေ ဆိုးကြည့်သင့်တဲ့ Nayeon ရဲ့ French Tip Nail Style ဖြစ်ပါတယ်။

သင်က ကျောက်လေးတွေ လက်သည်းပေါ် ကပ်ရတာ နှစ်သက်ရင် Itzy အဖွဲ့ဝင် Lia ရဲ့ လက်သည်းလို ဖန်တီးကြည့်နိုင်ပါတယ်။

အရောင်စုံလေး နှစ်သက်ရင် Sunmi ရဲ့ လက်သည်းလို ပုံဖော်နိုင်ပါတယ်။

အစိမ်းလေးကိုမှ တလက်လက် ဖြစ်နေတာလေး လိုချင်ရင်တော့ Momoland အဖွဲ့ဝင် Nancy ရဲ့ လက်သည်းစတိုင်ကို နမူနာယူနိုင်ပါတယ်။

Tzuyu ရဲ့ ပန်းရောင်လက်သည်းစတိုင်ကတော့ ပန်းရောင် Crazy လေးတွေ အတွက်ပါ။

Jisoo ရဲ့ လက်သည်းနီ စတိုင်လေးက ဆွဲဆောင်မှု ရှိသလို လွယ်ကူတာမို့ သင် မဖြစ်မနေ Try ကြည့်သင့်ပါတယ်။

Aespa အဖွဲ့ဝင် Winter ရဲ့ လက်သည်းနီပုံစံလေးက လူငယ်ဆန်ကာ လူငယ်မိန်းကလေးတွေ နှစ်သက်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar