ကိုရီးယားထုတ် အလှကုန်ပစ္စည်းတွေဟာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးအများစုကို လွှမ်းမိုးထားပြီး အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာဆိုရင်လည်း နေရာအများစုမှာ သူတို့ပစ္စည်းတွေကို တွေ့နေရပါတယ်နော်။ အလှကုန်ပစ္စည်းက ကွာလတီကောင်းတဲ့အပြင်ကို ထုတ်ပိုးမှုတွေကလည်း သေသပ်လှပလွန်းတာကြောင့် အမျိုးသမီးတွေကို လွှမ်းမိုးထားနိုင်တာလည်း မဆန်းပါဘူး။

ကိုရီးယားအလှကုန်ပစ္စည်းတွေ တစ်မျိုးတည်းကပဲ ကိုရီးယားလူမျိုးအမျိုးသမီးတွေကို ဝင်းလက်စိုပြေတောက်ပတဲ့ အသားအရေရရှိစေတာမဟုတ်ပါဘူးနော်။ သူတို့လိုက်လံကျင့်သုံးနေတဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တွေကြောင့်လည်း ပါနေပါတယ်။

ကိုရီးယား Skincare အဆင့်တွေက အားလုံးပေါင်း ၁၀ ခုရှိပြီးတော့ အဲ့ထဲက တစ်ခုက ဘာလဲဆိုရင် ၃ စက္ကန့် Moisturizing စည်းမျဥ်းပဲဖြစ်ပါတယ်။ မျက်နှာသစ်ပြီးပြီဆိုတာနဲ့ ၃ စက္ကန့်အတွင်း Moisturizer လိမ်းပေးဖို့ လိုအပ်တာပါ။

အခုတစ်ခေါက်မှာတော့ မျက်နှာသစ်ပြီးပြီးချင်း Skincare ချက်ချင်းလူးပေးချင်းအားဖြင့် သင့်မျက်နှာအသားအရေမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ အသားအရေက ပိုမိုစုပ်ယူနိုင်တယ်

မျက်နှာသစ်ပြီးပြီးချင်း Skincare လုပ်ပေးခြင်းက အသားအရေကနေပြီး ထိုအလှကုန်ပစ္စည်းတွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ အသားအရေက စိုထိုင်းထိုင်းလေးဖြစ်နေမယ်ဆိုရင် Serum သို့မဟုတ် Moisturizer တို့ကို ပိုပြီးလွယ်ကူစွာ စိမ့်ဝင်နိုင်မှာလည်းဖြစ်ပါတယ်။

၂။ အသားအရေကို တောက်ပစေတယ်

မျက်နှာသစ်လိုက်ချိန်မှာ အသားအရေက သဘာဝအတိုင်းထွက်ရှိတဲ့ အဆီတွေကိုပါ ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် မျက်နှာသစ်ပြီးပြီးချင်း Skincare မလူးဘူးဆိုရင် မျက်နှာက ရေဓာတ်မရှိတော့လို့ ခြောက်သွေ့သွေ့ဖြစ်နေပါလိမ့်မယ်။ Moisturizer ကို မြန်မြန်လူးပေးလေ အသားအရေလိုအပ်တဲ့ ရေဓာတ်ကိုလည်း မြန်မြန်ဖြည့်တင်းပေးနိုင်လေဖြစ်ပြီး မျက်နှာကို ကြည်တောက်နေစေမှာဖြစ်ပါတယ်။

၃။ ပိုပြီး နုပျိုပုံပေါက်စေတယ်

ရေဓာတ်ပြည့်ဝတဲ့ အသားအရေတွေကို တင်းတင်းရင်းရင်းနဲ့ နုပျိုတဲ့အသွင်ရှိပါတယ်။ အသားအရေက ခြောက်သွေ့နေမယ်ဆိုရင် မျက်နှာမှာ အရေးကြောင်းတွေ၊ ပါးရေတွေက သိသိသာသာ ပေါ်လာပါလိမ့်မယ်။ Cream တွေ Serum တွေက အသားအရေကို ချောမွေ့စေဖို့ ရည်ရွယ်ပေမယ့်လည်း ခြောက်သွေ့နေတဲ့ အသားအရေမှာက အသားအရေဆဲလ်သေတွေ စုပြုံနေတာမို့ ဘယ်လောက်လိမ်းပေးလိမ်းပေး အတွင်းထဲထိ စိမ့်မဝင်နိုင်ပါဘူး။

၄။ အသားအရေကို ပိုကျန်းမာစေတယ်

မျက်နှာသစ်ပြီးပြီးချင်း Moisturizer လိမ်းပေးခြင်းက အသားအရေကို Balance ညီအောင် ထိန်းပေးရာရောက်ပါတယ်။ အသားအရေက လွန်လွန်ကျူးကျူး ခြောက်သွေ့နေမယ်ဆိုရင် မျက်နှာပြင်အောက်က အဆီပြင်တွေက ခြောက်သွေ့ခြင်းကို ဟန်ချက်ညီအောင် အဆီတွေကိုထုတ်လုပ်ပေးလာမှာဖြစ်ပြီး ထိုကနေတဆင့် ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

၅။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးတယ်

အသားအရေကို ပျက်စီးစေတဲ့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ရန်မှကာကွယ်ဖို့အတွက် မျက်နှာသစ်ပြီးပြီးချင်း Moisturizer လိမ်းပေးခြင်းဖြင့် ကိုရီးယားလူမျိုး အမျိုးသမီးတွေ ကာကွယ်ကြပါတယ်။ နေရောင်ခြည်က အသားအရေကို ခြောက်သွေ့စေပြီး ရှုံ့တွအိုမင်းရင့်ရော်သလိုဖြစ်စေပါတယ်။

Source: BrightSide